စစ်ဗိုလ်ချုပ်တွေကို ICC တင်ဖို့ MDCF ဆန္ဒပြ


2018.10.30
mdcf-icc-622.JPG တပ်မတော်ခေါင်းဆောင်တွေကို ICC မှာ စစ်ဆေးဖို့ MDCF အဖွဲ့ဝင်တွေ ၂၀၁၈ အောက်တိုဘာလ ၃၀ ရက်နေ့က မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြစဉ်
Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်တွေကို လူသတ်တရားခံဆိုတဲ့ ဗီနိုင်းစကိုင်ဆောင်ပြီး ကုလသမဂ္ဂနဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အမြန်ဆုံး လာရောက်ဖမ်းဆီးပေးဖို့ MDCF အဖွဲ့ဝင် ၁၀ ဦးက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဦးဆောင်ဆန္ဒပြတဲ့ MDCF က ကိုသန့်ဇင်ကို ကျောက်တံတားမြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၂၀ နဲ့ အမှုဖွင့်လိုက်ပါတယ်။

ကိုထင်ကျော် ဦးဆောင်တဲ့ MDCF အဖွဲ့ဟာ တပ်မတော်ကို မြန်မာ့နိုင်ငံရေးကနေ ထွက်သွားဖို့နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ စစ်ဆေးဖို့ စဉ်ဆက်မပြတ် တောင်းဆိုနေတဲ့အဖွဲ့ဖြစ် ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးအနေနဲ့ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်တွေကို အမြန်ဆုံးလာရောက် ဖမ်းဆီးပေးဖို့ ဆူးလေဘုရားအနီး တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ကိုတင်မောင်ကြည်ကို ဖမ်းဆီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။