သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-11
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဇန်နောင်ယန်ကျေးရွာက မုတ်သုံတောမှာ စက်ယန္တရား နဲ့ ရွှေတူးဖော်နေတာကို ရပ်တန့်ပေးဖို့ ဒေသခံတွေက မြစ်ကြီးနားမြို့မှာ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံပြီး တောင်းဆိုလိုက်ပါတယ်။
2019-12-11
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာကို ဒီနေ့မနက်က လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့အတွက် ရွာသား ၁၀ ဦးဒဏ်ရာရပြီး အဲဒီအထဲက နှစ်ဦးကိုတော့ စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။
2019-12-11
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း မရှိတဲ့အကြောင်း နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ က (ICJ) အပြည်ပြည်ဆိုင်ရာတရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဥပဒေရေးရာ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ခုခံချေပခဲ့ကြပါတယ်။
2019-12-11
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်ခေါင်းဆောင် လေးဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမယ်လို့ ကြေညာတာဟာ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ ပစ်မှတ်ထား ဖိအားပေးတာပဲလို့ တပ်မတော်က တုံ့ပြန်လိုက်ပါတယ်။
2019-12-11
နယ်သာလန်နိုင်ငံ သဟိတ်မြို့က ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဒီနေ့ မြန်မာနိုင်ငံက ပြန်လည်ချေပရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ တပ်မတော်တို့ရဲ့ အမြင်တွေကို တင်ပြထားပါတယ်။
2019-12-11
ချင်းပြည်နယ် ပလက်ဝမြို့ကနေ တောင်ပြိုကျေးရွာကိုသွားတဲ့ ခရီးသည်တင် စက်လှေတစ်စီးဟာ မနေ့တုန်းက နှုံးဘူးကျေးရွာနားအရောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရပြီး စက်လှေပေါ်ပါ ခရီးသည် နှစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2019-12-10
မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အမူရင်ဆိုင်နေရချိန်မှာ အမေရိကန် နိုင်ငံက မြန်မာစစ်ဘက်ထိတ်တန်းခေါင်းဆောင် လေးဦးကို အရေးယူလိုက်ပါတယ်။
2019-12-10
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ဗိုလ်ချုပ် လေးဦးကို နာမည်ပျက်စာရင်းသွင်းပြီး ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
2019-12-10
နယ်သာလန်နိုင်ငံ The Hague မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဂမ်ဘီယာက စွဲချက်တင်ထားတဲ့ အမှုကို တရားသူကြီးတွေက ပထမနေ့အဖြစ် ဒီနေ့ကြားနာခဲ့ပါတယ်။
2019-12-10
နယ်သာလန်နိုင်ငံ The Hague မြို့က ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို ဒီကနေ့ စတင်ကြားနာနေပါတယ်။
2019-12-10
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရခိုင်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေအကြား ရဲတပ်ဖွဲ့ဝင်တွေဟာ ပစ်မှတ်ထားတိုက်ခိုက်ခံ နေရတာကြောင့် ရခိုင်ကိုတာဝန်နဲ့သွားရမယ့် ရဲတပ်ဖွဲ့ဝင်တွေက စိုးရိမ်နေကြပါတယ်။
2019-12-10
မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ မှာ အမှုသွားရင်ဆိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲတွေကို ရန်ကုန်၊ တောင်တွင်းကြီး၊ ပခုက္ကူ၊ ရှမ်းပြည်နယ်၊ မန္တလေးနဲ့ အခြားမြို့တွေမှာ ဒီနေ့တစ်ပြိုင်တည်း ကျင်းပခဲ့ကြပါတယ်။
2019-12-10
နယ်သာလန်နိုင်ငံ ICJ တရားရုံးမှာ တရားရင်ဆိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပြည်သူတွေအတူရှိတယ်ဆိုတဲ့ ထောက်ခံဆန္ဒပြပွဲကို မန္တလေးမြို့မှာ ဒီနေ့ညနေက ကျင်းပခဲ့ပါတယ်။
2019-12-10
ဇီးရိုးဘတ်ဂျက်တိုးလို့ခေါ်တဲ့ တရုတ်ခရီးသွားဧည့်သည်တွေ အသုံးပြုနေတဲ့ Wechat၊ Alipay စနစ်နဲ့ ငွေပေးချေစနစ်ကို National Standard လုပ်ဆောင်နေချိန် အသုံးမပြုဘဲ ဆိုင်းငံ့ထားဖို့ ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောပါတယ်။
2019-12-10
တပ်မတော်က သိမ်းယူထားတဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်တဲ့ ဂျပန်ရေတွင်းစခန်းကို ပြန်လည်ပေးအပ်ခဲ့မယ့် အဲ့ဒီစခန်းနဲ့ ကိုက် ၃၀၀ အကွာက ဟင်္သာတိုင်ဂိတ်မှာ ဆက်လက်နေရာယူထားတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောပါတယ်။