သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-20
ရခိုင်ပြည်နယ်မှာ သန်းခေါင် စာရင်းကောက်ယူရာ ရိုဟင်ဂျာလို့ ထည့်သွင်းခွင့်မပေးဖို့ ရခိုင်၊ မြို၊ သက်၊ ခမီး၊ ဒိုင်းနက်၊ ကမန်၊ မာရမာကြီး စတဲ့ မျိုးနွယ်စု ၇ ခုက ခေါင်းဆောင်တွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2014-03-20
၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၅ နှောင်းပိုင်း နိုဝင် ဘာ၊ ဒီဇင်ဘာလလောက်မှာ ကျင်းပသွားမှာဖြစ်ပြီး ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ နှစ်ကုန် ပိုင်းမှာ ကျင်းပသွားမယ်လို့ ပြည်ထောင် စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
2014-03-20
မကွေးတိုင်း မင်းလှမြို့နယ်က လက်ယက်တွင်း ရေနံမှော်တွေမှာ ဒေသအသီးသီးက လာရောက်ပြီး တနိုင်တပိုင် လုပ်ကိုင်စားသောက်နေသူတွေ အများအပြားရှိနေပါတယ်။ မကြာခင် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ဒီရေနံမှော်မှာရောက်နေတဲ့ နိုင်ငံသားအများစုရဲ့ စာရင်းကောက်ယူဖို့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုဇော်တူးက သတင်းပေးပို့ထားပါတယ်။
2014-03-20
မကြာခင် စတင်ကျင်းပတော့မယ့် အာဆီယံ လူထုဖိုရမ်မှာ တိုင်းရင်သားဒေသတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးနိုင်ဖို့အတွက် ရန်ကုန် မရမ်းကုန်းမြို့နယ်၊ ခဝဲခြံမျက်မမြင်ကျောင်းမှာ မတ်လ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2014-03-20
ပြီးခဲ့တဲ့ရက်ပိုင်းက ပြဌာန်းအတည်ပြုလိုက်တဲ့ သတင်းမီဒီယာ ဥပဒေနဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ၂ ခုနဲ့ ပတ်သက်လို့ စာနယ်ဇင်းနဲ့ ဥပဒေရှုထောင့်ဘက်က အမြင်သဘောထားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2014-03-20
ရန်ကုန်မြို့မှာ သုံးရက်ကြာကျင်းပခဲ့တဲ့ အာဆီယံဒေသတွင်းက လူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲဟာ ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ရန်ကုန်တက္ကသိုလ် စိန်ရတုခမ်းမမှာ ဒီနေ့သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-03-20
ပြည်ထောင်စုလွှတ်တော်ကို သမ္မတဦးသိန်းစိန် ပေးပို့ထားတဲ့ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေ တိုးမြင့်ကောက်ခံရေး ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တချို့က ကန့်ကွက်ခဲ့ကြပေမယ့် ၂ဝ၁၄ မတ်လ ၁၉ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2014-03-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၁၄ မတ်လ ၁၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကို လာရောက်လေ့လာတဲ့ ကော့မှူးမြို့နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ အပါအဝင် မြို့မိမြို့ဖတွေ၊ ဒေသဖွံ့ဖြိုးရေး ကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-03-20
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် (မူကြမ်း) ရေးဆွဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးနေကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုအောင်မိုးမြင့်က ပေးပို့ထားပါတယ်။
2014-03-20
ပဲခူးတိုင်း ဟံသာဝတီ နိုင်ငံတကာလေဆိပ် တည်ဆောက်ရေး စီမံကိန်းဟာ လုပ်ကိုင်ခွင့်တင်ဒါအောင်မြင်ခဲ့တဲ့ တောင်ကိုရီးယားကုမ္ပဏီနဲ့ ညှိနှှိုင်းမှု မအောင်မြင်တာကြောင့် မူလသတ်မှတ်ထားတဲ့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလမှာ အပြီးသတ်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
2014-03-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က တွေ့ဆုံခဲ့တဲ့ပွဲမှာ မိမိအနေနဲ့ ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း၊ တိုးတက်မှုများစွာရှိတယ်လို့တော့ မဆိုနိုင်ကြောင်း RFA ကို ပြောကြားပါတယ်။
2014-03-19
အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ မြှင့်တင်ရေးနဲ့၊ တိုင်းပြုပြည်ပြု လွှတ်တော်တွေမှာ အမျိုးသမီးခေါင်းဆောင်တွေ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ "သန္တိ" အုပ်ချုပ်ရေး သင်တန်းကျောင်းမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးသင်တန်းတွေ ပို့ချပေးနေပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-03-19
အာဆီယံဒေသတွင်း ၁ဝ နိုင်ငံက လူငယ်တွေရဲ့ အခြေအနေတွေကို ဖော်ထုတ်တင်ပြနိုင်ဖို့ ကျင်းပနေတဲ့ "၂ဝ၁၄ ခုနှစ် အာဆီယံ လူငယ်ဖိုရမ်" ဆွေးနွေးပွဲကို ဒီကနေ့ ဒုတိယနေ့အဖြစ် ကျင်းပနေပါတယ်။ အာဆီယံလူငယ်ဖိုရမ် အစီအစဉ်ရေးဆွဲရေး အဖွဲ့ဝင် မဖွေးယုမွန်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-03-19
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တင်သွင်းခဲ့တဲ့ "လွှတ်တော် ကိုယ်စားလှယ်တွေကို တာဝန်က ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဒီကနေ့ ပြည်သူလွှတ်တော်က အတည်ပြုလိုက်ပါတယ်။ RFA အဖွဲ့သား မခက်မာက တင်ပြထားပါတယ်။
2014-03-19
အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက လူငယ် ၂၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့တဲ့ အာဆီယံ လူငယ်ဖိုရမ်ကို ဒီနေ့ နောက် ဆုံးနေ့အဖြစ် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာကျင်းပ ခဲ့ပြီး ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။