သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-22
ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်တွေရဲ့လစာကို တစ်လ ကျပ် ၁၀ သိန်းအထိပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။
2015-01-22
နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံပွဲ ကို အမြန်ဆုံးကျင်း ပပေးဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ ဒီနေ့ သဝဏ် လွှာပေးပို့လိုက်ပါတယ်။
2015-01-22
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြကြတဲ့ မန္တလေး၊ ပခုက္ကူနဲ့ ထားဝယ်မြို့က ကျောင်းသား ၊ ကျောင်းသူတွေကို သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့တွေက အမျိုးမျိုးဖိအားပေးတာတွေ ရှိနေပါတယ်။
2015-01-22
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ဒုတိယအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်ကြောင်း မနေ့က RFA ကို ပြောခဲ့ပါတယ်။
2015-01-22
အမျိုးသားပညာရေးဥပဒေကြမ်း ညှိနှိုင်းပြင် ဆင်ရေးအတွက် မန္တလေးကနေ ရန်ကုန်မြို့အထိ လမ်းလျှောက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေရဲ့ ကျန်မာရေးနဲ့ တခြားအခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုနေရိန်ကျော်က တင်ပြမှာပါ။
2015-01-22
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အနုပညာကမ္ဘာ” အစီအစဉ်ကို ပရိသတ်တွေ ရှု့စားရမှာပါ။
2015-01-22
ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖြစ်ခဲ့ရင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်လည်း တက်ရောက်ရမှာ ဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးတင်ပြလိုတဲ့ အကြံပြုချက်တွေကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၂ဝ၁၅ ဇန်နဝါရီလ (၂၁)ရက် ဒီနေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ တောင်းခံခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2015-01-22
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် ချူပ်ဆိုဖို့ဟာ မဖြစ်နိုင်ဘူးလို့ ၂၀၁၅ ဇန်နဝါရီ (၂၁) ရက် ဒီကနေ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC နဲ့ NCCT ခေါင်းဆောင်တွေ တွေ့ဆုံအပြီးမှာ NCCT ဒုအဖွဲ့ ခေါင်းဆောင် ဗိုလ်ချူပ် ဂွမ်မော်က ပြောဆိုပါတယ်။
2015-01-22
ဗိုလ်ချုပ်အောင်ဆန်းဇာတိ နတ်မောက်မြို့မှာကျင်းပမဲ့ ဗိုလ်ချုပ်ရာပြည့် အခမ်းအနားကို တက်ရောက်လာကြသူအားလုံးကို ပဲပြုတ်နဲ့ နံပြားကျွေးမွေးဖို့ စီစဉ်နေကြပါတယ်။
2015-01-22
အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြနေတဲ့ ကျောင်းသားထုဟာ မနေ့က မန္တလေးမြို့ကနေ စတင်ထွက်ခွာလာရာမှာ ၂ဝ၁၅ ဇန်နဝါရီလ (၂၁) ရက် ဒီနေ့ မန္တလေးတိုင်း ပလိပ်မြို့ကနေ ကျောက်ဆည်မြို့ကို ဆက်လက်ချီတက်နေကြပါတယ်။
2015-01-21
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ခရိုင်၊ ကောင်းခါးကျေးရွာက ကျောင်း ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့အမှုနဲ့ ပတ်သက်ပြီး မူဆယ်ခရိုင်ရဲတပ်ဖွဲ့က အမြန်ဆုံး အမှု မှန်ပေါ်ပေါက်အောင် ဆောင်ရွက်ဖို့ နေပြည်တော် အထူးရဲတပ်ဖွဲ့က ညွှန်ကြားထားပါတယ်။
2015-01-21
ကမ္ဘာ့နိုင်ငံပေါင်း ၂၉ဝ က လက်မှတ်ရေးထိုးထားတဲ့ ဓါတုလက်နက်ထုတ်လုပ်မှု ဖျက်သိမ်းရေး သဘောတူ စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ထိုးဖို့ အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။
2015-01-21
မြန်မာ့တပ်မတော်အနေနဲ့ တစ်ဖက်သတ် အာဏာသိမ်းမှာ မဟုတ်ပေမဲ့၊ တိုင်းပြည်မှာ အရေးပေါ် အခြေအနေ ကြေညာရပြီ ဆိုရင်တော့ ငြိမ်ဝပ်ပိပြားရေးအတွက် ဆောင်ရွက်ဖို့ တုံန့်ဆိုင်းနေမှာ မဟုတ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း စင်္ကာပူ အခြေစိုက် Channel News Asia သတင်းက ဖော်ပြပါတယ်။
2015-01-21
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ပွင့်ဆိုင်တွေ့ဆုံပွဲ၊ အမျိုးသားပညာရေး ဥပဒေကြမ်းနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ လစာတိုးပေးဖို့ ကိစ္စတွေမှာ နိုင်ငံတော် သမ္မတ နဲ့ လွှတ်တော်အကြား သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။
2015-01-21
လာမယ့်ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ် တဲ့အခါ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ လွှတ်တော်က ဆုံးဖြတ် ထားတာကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အဆုံးအဖြတ်ပေးဖို့ တင်ပြထားပါတယ်။