သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-12
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ထွက်ဆိုခဲ့ကြတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကမ္ဘာ့ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီးဟောင်း Stephen Rapp စတီဗင် ရပ်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းနဲ့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်တို့ရဲ့ သုံးသပ်ချက်တွေကို ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2019-12-12
ဥပဒေကြောင်းအရ ခိုင်မာမှုမရှိသလို ထုတ်နှုတ်ကိုးကားထားတဲ့ စွဲချက်တွေဟာ ခိုင်မာမှုမရှိတဲ့အတွက် ICJ အနေနဲ့ ဂမ်ဘီယာနိုင်ငံက တင်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး စာချုပ်ဖောက်ဖျက်မှု စွဲချက်ကို ပယ်ဖျက်ပေးဖို့၊ ကြားဖြတ်အရေးယူမှု Provisional Measure ကိုပယ်ချပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။
2019-12-12
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း၊ နောက်ထပ်လည်း ကျုးလွန်လာဖွယ် အထောက်အထားတွေ ရှိနေတဲ့အတွက် ICJ အနေနဲ့ ကြားဖြတ်အရေးယူမှုအမိန့် ချမှတ်ပေးသင့်ကြောင်း ဂမ်ဘီယာဘက်က ဒီနေ့ လျှောက်လဲခဲ့ပါတယ်။
2019-12-12
The Hague သည်ဟိဂ် တရားရုံးမှာ မြန်မာက လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို နှုတ်ဖြင့် လျှောက်လဲချက်ပေးဖို့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ICJ နဲ့အပြည့်အဝပူးပေါင်းဖို့ အမေရိကန်လွှတ်တော်အမတ်တွေက တိုက်တွန်းထားပါတယ်။
2019-12-12
ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်လွတ်လပ်ရေးရဖို့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ မနေ့ကလျှောက်လဲချက်ပေးတဲ့အထဲ ထည့်သွင်းပြောခဲ့ပါတယ်။
2019-12-12
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနဲ့ ရွာခံဒေါ်ဖြူဖြူဝင်း တို့ကို မနေ့ညက စိတ္တရကျေးရွာမှာ တပ်မတော်စစ်ကြောင်း တစ်ခုက ဝင်ရောက်လာပြီး ရိုက်နှက်ပစ်ခတ်တာတွေကြောင့် သေဆုံးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ရွာသား တွေကပြောပါတယ်။
2019-12-12
နိုင်ငံ့ရေးရာ မေးစရာ အစီအစဉ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး (ခ) ဒေါ်မေစိုး ကို RFA ဝိုင်းတော်သူ မသက်စုအောင် က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2019-12-12
ဒီတစ်ပတ် ယနေ့နိုင်ငံရေး အစီအစဉ်မှာ "ဖွဲ့စည်းပုံပြင်ဆင်ရေး အကျပ်အတည်းကို ဘယ်လိုကျော်လွှားမလဲ" ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
2019-12-12
မန္တလေးတိုင်း ငါးဇွန်မြို့နယ်မှာ ဧက ၂၀ လောက်ကျယ်တဲ့ ဆေးခြောက်လျှော်ပင်တွေ စိုက်ပျိုးတယ်ဆိုကာ တရားစွဲထားတဲ့အမှုကို ချေဖျက်ပေးဖို့အတွက် ဒီကနေ့ မန္တလေးတိုင်း တရားလွှတ်တော်မှာ စတင်ကြားနာပါတယ်။
2019-12-11
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံပေါ် တရားစွဲဆိုတဲ့ အမှုကို ICJ နိုင်ငံတကာတရားရုံးက ကြားဖြတ်ဆောင်ရွက်ချက် Provisional Measures အဖြစ်ကြားနာပွဲမှာ မြန်မာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေရဲ့ လျှောက်ထားချက်တချို့ကို ဒေါ်စမ်းစမ်းတင်က ကောက်နုတ်တင်ပြထားပါတယ်။
2019-12-11
အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံဘက်က ထွက်ဆိုချက်တွေနဲ့ ပတ်သက်ပြီး သဘောထားအချို့ကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2019-12-11
အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဂမ်ဘီယာနိုင်ငံရဲ့ ထွက်ဆိုချက်ပေးပြီးချိန်မှာ မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မနက်ပိုင်းမှာ ဆက်လက်ရှင်းလင်းပါတယ်။ အကျဉ်းချုပ်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
2019-12-11
OIC အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက အမှုဖွင့်တိုင်ကြားထားသလို မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း မရှိတဲ့အကြောင်း ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဥပဒေရေးရာ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ခုခံချေပခဲ့ကြပါတယ်။
2019-12-11
လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နယ်သာလန်နိုင်ငံ သဟိဂ်မြို့က ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အဖွဲ့က ဒီကနေ့ခုခံချေပခဲ့ပါတယ်။
2019-12-11
မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုပြီး ICJ နိုင်ငံတကာ တရားရုံး မှာစွဲချက်တင်ထားတဲ့ ဂမ်ဘီယာနိုင်ငံဟာ မြန်မာပြည်နဲ့ဝေးကွာလှတဲ့ အာဖရိကတိုက်က နိုင်ငံငယ်လေးတခုဆိုပေမဲ့လည်း တူညီတဲ့ နောက်ခံသမိုင်းကြောင်းတွေ ရှိနေပါတယ်။