သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-20
မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီ အထောက်အပံ့တွေဟာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ မျှော်မှန်းထားတဲ့ စံနှုန်းတွေအတိုင်း အောင်မြင်မှုမရှိဘူးလို့ သြစတြေးလျအစိုးရက ပြောလိုက်ပါတယ်။
2018-12-20
မြန်မာ့တပ်မတော်က ရိုဟင်ဂျာတွေကိုဆန့်ကျင်ပြီး ချေမှုန်းလုပ်ဆောင်ခဲ့တာကို လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုအဖြစ် အမေရိကန်နိုင်ငံခြားရေးဌာနက သတ်မှတ်ဖို့ ဝန်ကြီး မိုက်ပွန်ပေးယိုကို ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန်နှစ်ပါတီက လွှတ်တော်အမတ်တွေ ဗုဒ္ဓဟူးနေ့ ညနေက ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။
2018-12-20
ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုအားလုံးချက်ချင်းရပ်ဖို့ ဗြိတိန်အစိုးရက မြန်မာအစိုးရကို လူသိရှင်ကြား တရားဝင်ထုတ်ဖော်ပြောဆိုဖို့ ဗြိတိန်အမတ်တွေက ပြောလိုက်ပါတယ်။
2018-12-20
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အထက်ပြူးမရွာနားမှာ ဒေသခံတိုင်းရင်းသား ၄ ယောက် တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
2018-12-20
မြန်မာအစိုးရအနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး စတဲ့ကဏ္ဍတွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် အခွန်အကောက်ဆိုင်ရာ မူဝါဒကောင်းတွေ ချမှတ်ဆောင်ရွက်သင့်ကြောင်း ဗြိတိန်အခြေစိုက် Oxfam အဖွဲ့ရဲ့ ၂ဝ၁၈ နိုင်ငံတကာညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။
2018-12-20
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အထက်ပြူးမ ရွာအနီးမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ရွာသားနှစ်ဦး အသတ်ခံခဲ့ရပြီးနောက် ရွာမှာနေထိုင်သူ ထက်ဝက်လောက် နေရာရွှေ့ပြောင်းသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-12-20
ဒီတပတ်အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ မကွေးတိုင်း စတဲ့ဒေသတွေက RFA ပရိသတ်တွေ ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2018-12-20
အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၇ဝ နှုန်းနဲ့ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေဆီကနေ ဗဟိုဘဏ်က ဝယ်ယူခဲ့တဲ့ကိစ္စ၊ တသောင်းတန်ငွေစက္ကူအတု ကိစ္စတွေနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီက ဗဟိုဘဏ်တာဝန်ရှိသူတွေကို နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2018-12-20
ကလေးသူငယ်တွေ စာဖတ်ချင်စိတ်ဖြစ်ပေါ်လာအောင် မိဘတွေအနေနဲ့ အဓိကလုပ်ဆောင်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2018-12-20
ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေဆီကနေ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၇ဝ နှုန်းနဲ့ ဗဟိုဘဏ်က ဝယ်ယူခဲ့တဲ့ကိစ္စ၊ တသောင်းတန်ငွေစက္ကူအတု ကိစ္စတွေနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဗဟိုဘဏ်တာဝန်ရှိသူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2018-12-20
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ အဖွဲ့ဝင်သစ်တွေဟာ ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်ဖြန် နေပြည်တော် ဘုရင့်နောင်ဧည့်ရိပ်သာမှာ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
2018-12-20
ကရင်ပြည်နယ် မြဝတီမြို့မှာ ဖုန်းနဲ့ခြိမ်းခြောက် ငွေကြေးတောင်းခံနေတာတွေရှိနေတဲ့အတွက် ပြည်သူတွေ သတိထားဖို့နဲ့ ခြိမ်းခြောက် ငွေကြေးတောင်းတာကိုခံရရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားဖို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဒီနေ့ RFA ကိုပြောကြားလိုက်ပါတယ်။
2018-12-20
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ AA ရခိုင်အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ကန်စောက်၊ သလူချောင်း၊ ငါးစင်ရိုင်းကိုင်း စတဲ့ ကျေးရွာတွေကို ထွက်ပြေးရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ဒီနေ့ညနေပိုင်းမှာ လူဦးရေ ၄၀၀ ကျော်အထိရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-12-20
“ ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ “ ဝ” ဒေသ အတွင်းမှာ ၂ လကျော်ကြာပိတ်ထားခဲ့ရတဲ့ ကချင်နဲ့လားဟူ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကို အခုလထဲ ပြန်ဖွင့်ခွင့်ပြု ထားတယ်လို့ UWSA ရဲ့ လားရှိုးရုံး ဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။
2018-12-20
ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲသောင်ကျေးရွာအုပ်စုက မြန်မာမိသားစု ၄ ဦး အသတ်ခံရတဲ့ အမှုမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ အဓိကတရားခံလို့ သံသယရှိသူ ၂ ဦးကို မနေ့ကညပိုင်းက ဖမ်းမိခဲ့တယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက RFA ကို အတည်ပြု ပြောကြားလိုက်ပါတယ်။