ကလေးတွေ စာဖတ်လာအောင် မိဘတွေ ဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2018.12.20
dassk-children-book-622.jpg နေပြည်တော်မှာ ၂၀၁၈ ဒီဇင်ဘာလ ၂၀ ရက်နေ့ကကျင်းပတဲ့ "စာဖတ်တတ်သူတိုင်း စာဖတ်ကြဖို့" အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျောင်းသားလေးတွေကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office
ကလေးသူငယ်တွေ စာဖတ်ချင်စိတ်ဖြစ်ပေါ်လာအောင် မိဘတွေအနေနဲ့ အဓိကလုပ်ဆောင်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ နှစ်ရက်ကြာကျင်းပမယ့် “စာဖတ်တတ်သူတိုင်း စာဖတ်ကြဖို့” အခမ်းအနားဖွင့်ပွဲမှာ အဲဒီလို ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်နိုင်တဲ့ အခြေအနေ မရောက်တဲ့ ကလေးသူငယ်တွေကတော့ မိဘ၊ ဆရာတွေ ကနေပြီး ကူညီပေးရမှာဖြစ်ကြောင်း၊ ငယ်ရွယ်စဉ်ကတည်းက စာအုပ်ကောင်းတွေ ဖတ်တတ်အောင် လေ့ကျင့်ပေးရင် ကြီးပြင်းလာတဲ့အခါ ဘယ်လိုစာအုပ်တွေက အကျိုးရှိတယ်၊ အကျိုးမရှိဘူး ဆိုတာကို နောက်ပိုင်းမှာ သူတို့ဘာသာ ဆုံးဖြတ်နိုင်တဲ့ အခြေအနေ ရောက်လာမှာဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် စိတ်ဓာတ်ခိုင်မာပြီး မိမိကိုယ်တိုင် အားကိုးနိုင်စွမ်းရှိမှုဟာ စာများများဖတ်တာကနေရရှိမှာဖြစ်ပြီး သင့်တော်တဲ့ စာပေများကဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချပေးနိုင်မယ်လို့လည်းပြောပါတယ်။

တဆက်တည်းမှာပဲ ဆေးလိပ်နဲ့ အရက်သောက်ပြီး ပိုက်ဆံတွေ ကုန်မယ့်အစား စာအုပ်ကောင်းတွေ ဝယ်ဖတ်ကြဖို့နဲ့ စာကြည့်တိုက်တွေကို လှူဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

အဲဒီ နှစ်ရက်ကြာကျင်းပမယ့် “စာဖတ်တတ်သူတိုင်း စာဖတ်ကြဖို့” လှုပ်ရှားမှုမှာ စာအုပ်ထုတ်ဝေရေးတိုက်တွေက စာအုပ်တွေကို လာရောက်ရောင်းချကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့လိုက်တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။