သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-22
ဒီတပတ်မှာတော့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းတွေနဲ့ ပြည်ပရောက် RFA ပရိသတ်တွေက ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-08-22
တိုင်းရင်းသားတွေလိုလားပြီး အားလုံးသဘောတူတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု စနစ်ပုံစံ တစ်ခုရဖို့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစု အားလုံးပါဝင်တဲ့ ထိပ်သီးအစည်းအဝေး ခေါ်ယူ ကျင်းပသွားဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒီနေ့ PPST အစည်းအဝေးမှာ အဆိုပြုလိုက် ပါတယ်။
2019-08-22
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းအပါအဝင် သုံးဦးကို တရားရုံးအဝင်အထွက်တွေမှာ ကြွေးကြော်တာတွေ မလုပ်ဖို့ တရားလိုဖြစ်သူ ရဲမှူးချုပ် မောင်မောင် က တားမြစ်တယ်လို့ သိရပါတယ်။
2019-08-22
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ကုန်းဆာရွာအနီး ဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ဖွဲ့နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဒေသခံ ၁၆ဝ ကျော်ကို အရပ်ဖက်လူမှုအဖွဲ့တွေက သြဂုတ် ၂၁ ရက် မနေ့ညက ကယ်ထုတ်ခဲ့ပါတယ်။
2019-08-22
ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ မုတ်သုံလေ အားကောင်းနေတာကြောင့် မွန်၊ ပဲခူး၊ တနင်္သာရီ၊ ရခိုင်၊ ကရင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တာကြောင့် ရေကြီး၊ မြေပြိုတာတွေကို သတိထားသင့်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2019-08-22
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်တွေ မနေ့ညက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
2019-08-22
ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်ဖို့နဲ့ ဒီတိုက်ပွဲတွေကို တရုတ်နိုင်ငံအနေနဲ့ လက်မခံကြောင်း မြောက်ပိုင်းလက်နက်ကိုင်ခေါင်းဆောင်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်က ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။
2019-08-22
တိုင်းရင်းသားတွေလိုလားပြီး အားလုံးသဘောတူတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု စနစ်ပုံစံတစ်ခုရဖို့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအားလုံးပါဝင်တဲ့ ထိပ်သီး အစည်းအဝေး ခေါ်ယူကျင်းပသွားဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒီနေ့ PPST အစည်းအဝေးမှာ အဆိုပြုလိုက်ပါတယ်။
2019-08-22
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအစီအစဉ် ဒီနေ့ စတင်ဖို့ မြန်မာအစိုးရက စီစဉ်ထားပေမယ့် ဒီညနေအထိ တစ်ယောက် မှပြန်လာတာမရှိပါဘူး။
2019-08-22
ပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်ရေးအတွက် လျှပ်စစ်မီတာခတွေလျှော့ချရေး ခေါင်းစဉ်နဲ့ ချီတက်ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစုအဖွဲ့ MDCF က ဒီနေ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
2019-08-22
မြန်မာနိုင်ငံမှာ လူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လူမှုကွန်ရက်မှာ စုပေါင်းလှုံ့ဆော်နေတဲ့၊ မူမမှန်တဲ့ စာမျက်နှာတွေကို ဖယ်ရှားလိုက်တယ်လို့ Facebook ကုမ္ပဏီက ဒီနေ့သတင်းထုတ်ပြန် လိုက်ပါတယ်။
2019-08-22
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
2019-08-22
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ လိုအပ်နေတဲ့စားနပ်ရိက္ခာတွေ ကို ဒီနေ့ဖြန့်ဝေပေးသွားမှာဖြစ်သလို နောက်ထပ်လိုအပ်ချက်တွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ဖို့ သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ဆွေးနွေးသွားမယ်လို့ အပြည်ပြည်နယ်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က RFA ကို ဒီနေ့ပြောလိုက်ပါတယ်။
2019-08-22
RFA က စီစဉ်ရိုက်ကူးပြီး DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့ နိုင်ငံရေး" အစီအစဉ်မှာ... "ရခိုင်ပြည်နယ်က ပြဿနာတွေကို ဘယ်လိုအဖြေရှာကြမလဲ" ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
2019-08-21
မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေကို ဒီနှစ် သြဂုတ်လ ၁၉ ၇က်နေ့မှာ ပြည်ထောင်စုလွှတ်တော်က မပြဌာန်းခင် မနှစ်ကပြဌာန်းတဲ့ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေနဲ့ တောင်သူတွေ တရားစွဲဆိုခံရတဲ့အကြောင်း တင်ပြထားပါတယ်။