သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-25
မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာအနီးမှာ ဒီနေ့မနက်က အစိုးရတပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား တိုက်ပွဲ ဆက်ဖြစ်ပွားနေ တယ်လို့သိရပါတယ်။
2016-05-25
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဧရိယာ ထဲမှာ ဆောက်လုပ်ထားတဲ့ ဟိုတယ် ၂၅ လုံးကို ဥပဒေနဲ့အညီ စိစစ်ဖို့ အစီအစဉ်ရေး ဆွဲနေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန က ဒီကနေ့ ပြော ပါတယ်။
2016-05-25
ပြည်သူတွေကသာ မြေယာပိုင်ဆိုင်ခွင့်ရှိ တယ်ဆိုပြီး အခြေခံရေးဆွဲထားတဲ့ မြေယာ မူဝါဒကို ကရင်အမျိုးသား အစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။
2016-05-25
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် တဲ့အဖွဲ့ဟာ ထိုင်း ဝန်ကြီးချူပ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အပါအဝင် ထိုင်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖို့အတွက် ဘန်ကောက်မြို့ကို ဒီကနေ့ မနက် လေကြောင်းနဲ့ ရောက်ရှိလာပါတယ်။
2016-05-25
တက္ကသိုလ်ကျောင်းသမဂ္ဂ (တကသ)နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များ အဖွဲ့ချုပ် ဗကသ (မြေလတ်ဒေသ)တို့ ပူးပေါင်းပြီး နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (န.က.သ) ကို ဖွဲ့စည်းကြောင်း ကြေညာ လိုက်ပါတယ်။
2016-05-25
မြန်မာ့တပ်မတော်နဲ့ တအန်းတပ်ဖွဲ့ ရှမ်းပြည်မြောက်ပိုင်းအဖွဲ့၊ ကချင်လွတ်မြောက်ရေး အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ပလောင်ဒေသမှာ စစ်ပြေးဒုက္ခသည် ၄ ထောင်ကျော် ၅ ထောင်နီးပါး ရှိနေပြီး အကူအညီလိုအပ်နေတယ်လို့ လူ့အခွင့် အရေးအဖွဲ့တွေကပြောပါတယ်။
2016-05-25
အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်တည်ထောင်ထားတဲ့ လူငယ်ခေါင်းဆောင်အရည်အချင်းမြှင့် တင်ရေးသင်တန်းအတွက် ဝါရှင်တန်ဒီစီမြို့ကို ခေတ္တရောက်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို ဗကသများအဖွဲ့ချုပ်ရဲ့ အလားအလာနဲ့ ဒီမိုကရေစီပညာရေး ဥပဒေပြုပြင်ပြောင်းလဲရေး အခြေအနေတွေနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
2016-05-25
လက်ရှိအစိုးရသစ်ဟာ ပြည်သူရွေးကောက်တဲ့ အစိုးရဖြစ်သလို လူ့အခွင့်အရေးဆောင်ရွက်နေသူတချို့လည်း အစိုးရအဖွဲ့ဝင်အဖြစ်ပါနေတာကြောင့် NLD အစိုးရလက်ထက်မှာ လူ့အခွင့်အရေး အခြေ အနေဟာ အရင်ကထက် ပိုတိုးတက်လာလိမ့်မယ်လို့ထင်ကြောင်း အမေရိကန်သမ္မတဟောင်း ဂျော့ချ် ဒဘလျူဘုရှ် တည်ထောင်တဲ့ Bush Institute မှာ ခေါင်းဆောင်မှုဆိုင်ရာသင်တန်းတက်ရောက်ခဲ့တဲ့ World Vision ရဲ့ ဆက်ဆံရေးတာဝန်ခံ ဝါးအယ်ထူးကပြောပါတယ်။
2016-05-25
ရန်ကုန်မြို့မှာ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ဖို့နဲ့ ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတူတာတွေကို ပေါင်းလိုက်ပြီး ယဉ်လိုင်းပေါင်း ၃၅၇ လိုင်းကနေ လိုင်း ၅၀ လောက်အထိ လျှော့လိုက်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) တာဝန်ရှိသူတွေကို ပြောကြားထားပါတယ်။
2016-05-25
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါ - မှော်သစ်ကုန်းကျေးရွာက ရတနာကြယ် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ထဲမှာ မနေ့ညက ကျောက်ကြောကမ်းပါးပြိုကျတာကြောင့် အဲ့ဒီမှာ တစ်နိုင်တစ်ပိုင် ကျောက်တူးဖော်နေသူ ရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2016-05-25
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ရန်ကုန်မြို့အခြေစိုက် ရှင်သန်ရေးကူညီမှုအသင်း ကို မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် ရွေးချယ်သတ်မှတ်လိုက်ကြောင်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2016-05-25
၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် ဇူလိုင်လကုန်ပိုင်းမှာ ကျင်းပနိုင်ဖို့ အစိုးရက ပြင်ဆင်နေပြီး NCA ခေါ်တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့အပြင် အခြားအဖွဲ့တွေပါ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်
2016-05-25
ချင်းလူ့အခွင့်အရေးအဖွဲ့က မသင်းယုမွန်ဟာ အမေရိကန်သမ္မတဟောင်း George W. Bush တည်ထောင်ထားတဲ့ Bush Institute ရဲ့အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေပါတယ်။
2016-05-24
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သီပေါမြို့ကို စစ်ပြေးဒုက္ခသည်တွေ ထပ်မံရောက်ရှိလာပြီး၊ အခုဆိုရင် ဒုက္ခသည်အရေအတွက် တစ်ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။
2016-05-24
ရှမ်းပြည်မြောက်ပိုင်း လားရှိူးမြို့မှာထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်ကို မန္တလေးမြို့ကနေ လားရှိူးမြို့ကို မေလ ၂၃ ရက်နေ့က သယ်ဆောင်လာခဲ့ပါတယ်။