ချင်းလူ့အခွင့်အရေးလှုပ်ရှားသူ မသင်းယုမွန်နဲ့ တွေ့ဆုံမေးမြန်းချက်
2016.05.25
ချင်းလူ့အခွင့်အရေးအဖွဲ့က မသင်းယုမွန်ဟာ အမေရိကန်သမ္မတဟောင်း George W. Bush တည်ထောင်ထားတဲ့ Bush Institute ရဲ့အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေပါတယ်။
ချင်းပြည်နယ်အတွင်းက လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံအပေါ် အမြင်သဘောထား၊ အစိုးရသစ်အပေါ် ချင်းပြည်သူတွေရဲ့ မျှော်လင့်ချက် စတာတွေနဲ့ ပတ်သက်ပြီး မသင်းယုမွန်ကို RFA အဖွဲ့သူ မဟေမာစိုး က ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။