သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-15
မြန်မာနိုင်ငံဟာ နိုင်ငံတကာက ဖိအားပေးမှုတွေရင်ဆိုင်နေရချိန်မှာပဲ အီးယူက မြန်မာနိုင်ငံအပေါ် ပေးအပ်ထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ဥရောပ ငါးနိုင်ငံခရီးစဉ်အတွင်း ဥရောပခေါင်းဆောင်တွေကို တောင်းဆိုခဲ့တယ်လို့ ဒါကာ ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
2019-11-14
ကုလသမဂ္ဂအထွေထွေညီလာခံ လူ့အခွင့်အရေးနဲ့ လူမှုရေးဆိုင်ရာ ကော်မတီက “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနဲ့ တခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ” လို့ အမည်ပေးထားတဲ့ ဆုံးဖြတ်ချက်ကို နိုဝင်္ဘာလ ၁၄ ရက် မနေ့က မဲခွဲအတည်ပြုခဲ့ပါတယ်။
2019-11-14
မြန်မာနိုင်ငံက ရိုဟင်ဂျာလူမျိူးတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းခွင့်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC နိုဝင်ဘာလ ၁၄ရက်နေ့က ခွင့်ပြုမိန့် ချမှတ်လိုက်ပါတယ်။
2019-11-14
ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဒီသီတင်းပတ်ထဲမှာ မြန်မာအစိုးရအတွက် အထူးခြားဆုံး ဖြစ်ရပ်နှစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။
2019-11-14
၂၀၁၂ အဓိကရုဏ်းနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွေနဲ့ ဗလီတွေ ဖျက်ဆီးခံရတာတွေ၊ ပိတ်သိမ်းခံရတဲ့ အရေအတွက် ၉၀၀ ဝန်းကျင် ရရှိတယ်ထားတယ်လို့ အပိတ်ခံဗလီတွေ ပြန်ဖွင့်ရေးကြိုးပမ်းနေတဲ့အဖွဲ့က ပြောပါတယ်။
2019-11-14
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ဖို့ စတဲ့ စံ ငါးချက်နဲ့ စံပြရွေးကောက်ပွဲဖြစ်စေဖို့ ဆောင်ရွက်နေပြီး ကော်မရှင်အပေါ် သံသယမရှိကြဖို့ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ကပြောပါတယ်။
2019-11-14
ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုင်ဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဂျင်တီးနားတရားရုံးက ဆင့်ခေါ်ခြင်းခံရမယ်ဆိုရင် ဖုံးကွယ်စရာမရှိကြောင်း သက်သေထူဖို့တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း သုံးသပ်ကြသူတွေ ရှိပေမယ့် NLD ပါတီကတော့ ဒါဟာ အချုပ်အခြာကိုထိပါးတာလို့ ရှုမြင်ပါတယ်။
2019-11-14
KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ ပဏာမ အပစ်ရပ်စဲရေးအတွက် ဝိုင်းဝန်းကူညီကြဖို့ အမေရိကန်သံအမတ်ကြီး Scott Marciel က ပြောကြားလိုက်ပါတယ်။
2019-11-14
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ ကွတ်ခိုင်နဲ့နမ့်ဖတ်ကြားတို့မှာ တပ်မတော်နဲ့ TNLA အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားတွေထိခိုက်တာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေရှိလာနေပါတယ်။
2019-11-14
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယဉ်ကျေးမှုနဲ့ ဘာသာရေး ဓလေ့ထုံးစံတွေအပေါ်မူတည်ပြီး ဆောင်ရွက်ရတာတွေရှိပေမယ့် ဘာသာ တရားကို ခုတုံးလုပ်ပြီး မတည်မငြိမ်ဖြစ်အောင် မလုပ်ဆောင်သင့်၊ အားမပေးသင့်ဘူး လို့ ပြောပါတယ်။
2019-11-14
ဒီတစ်ပတ်“နိုင်ငံ့ရေးရာမေးစရာ” အစီအစဉ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးကို RFA ဝိုင်းတော်သူ မအေးအေးမွန်က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2019-11-14
ဒီတပတ် “ယနေ့ နိုင်ငံရေး” အစီအစဉ်မှာ “မြန်မာ့တရားစီရင်ရေး တည့်မတ်မှန်ကန်နေပြီလား၊ တရားစီရင်ရေးအလွဲအမှားတွေကိုဘယ်လိုပြုပြင်ကြမလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြသွား မှာဖြစ်ပါတယ်။
2019-11-14
ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ၂၀၁၇ တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာ ခုနှစ်သိန်း မောင်းထုတ်မှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုချက်ကို NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က နိုင်ငံတစ်ခုရဲ့ အချုပ်အခြာကို ထိပါးနေတာဖြစ်လို့ လိုက်နာမှာမဟုတ်ဘူးလို့ RFA ကို ဒီကနေ့ ပြောဆိုလိုက် ပါတယ်။
2019-11-13
ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့တစ်ခုက မြန်မာ့တပ်မတော်နဲ့ အစိုးရ ခေါင်းဆောင်တွေကို လူ့အခွင့်အရေး ချိုးဖေါက်မှုအတွက် အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ ဒီကနေ့ တရားစွဲလိုက်ပါတယ်။
2019-11-13
မြန်မာနိုင်ငံမှာ ဆေးခြောက်သုံးစွဲခွင့်၊ စိုက်ပျိုးခွင့်နဲ့ ဆေးဝါးနဲ့ကုန်ပစ္စည်းတွေမှာ အသုံးပြုခွင့်ကို ဥပဒေနဲ့ တရားဝင်သတ်မှတ်ပေးဖို့ တောင်းဆိုကြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကိုစိန်လှမောင်နဲ့ ကိုထက်ခိုင်စိုးဆိုတဲ့ လူငယ်နှစ်ယောက်ကို ကျောက်တံတားမြို့နယ်ရဲစခန်းက ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားပါတယ်။