သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-25
ကချင်ပြည်နယ်မှာရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ KIO နဲ့ ပူးပေါင်းကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက KIO တည်ထောင်ခြင်း ၆၄ နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
2024-10-25
ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ ရွှေဆိုင်သိမ်းပြီး ရွှေထည်တွေသယ်ဆောင်လာတဲ့ကားကနေ ရွှေငါးပိဿာကျော် လုယက်ခဲ့တဲ့ သေနတ်သမားတွေ ဖမ်းမိပြီလို့ စစ်ကောင်စီက အောက်တိုဘာ ၂၄ မှာ ထုတ်ပြန်ပါတယ်။
2024-10-25
ထိုင်းနိုင်ငံအတွင်းကို နယ်စပ်ဂိတ်တွေကနေ ကုန်းလမ်းကြောင်းနဲ့ ဝင်လာသူတွေကို နေထိုင်ခွင့် ဗီဇာတိုးပေးတာနဲ့ ဗီဇာပြောင်းလဲလျှောက်ထားခွင့် မပြုတော့ပါဘူး။
2024-10-25
နောင်ချိုမြို့နယ် ဂန့်ကော်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဆက်ဖြစ်နေပါတယ်။
2024-10-25
ပြည်တွင်းဈေးကွက်မှာ ရွှေနဲ့ ဒေါ်လာဈေးတွေ ပြန်တက်လာနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတွေ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြောပါတယ်။
2024-10-25
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့က စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ-၃၇၂ နဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့ကို အောက်တိုဘာလ ၂၄ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ AA နဲ့ နီးစပ်တဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-10-25
ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က ရွာသူရွာသား တစ်ရာနီးပါး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ရိုက်နှက်နှိပ်စက်တာကြောင့် ရွာသားတစ်ဦး သေဆုံးသွားပါတယ်။
2024-10-25
အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်တွေ အခု ၂၀၂၄ ခုနှစ်မှာ အရင်နှစ်တွေထက် ပိုများနေတာ တွေ့ရပါတယ်။
2024-10-25
တီးတိန်မြို့နယ်အတွင်းမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်း ဧကနှစ်ဆယ်ကျော်ကို (PDF Zoland) နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ဇိုလဲန်းတို့က ပူးပေါင်းဖျက်ဆီးခဲ့ပါတယ်။
2024-10-24
ဘင်္ဂလားဒေ့ရှ်ကို ထပ်မံရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ နိုင်ငံတကာရဲ့ ထောက်ပံ့မှုနဲ့ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ Amnesty International က ထုတ်ပြန်ပါတယ်။
2024-10-24
အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို နိုင်ငံတည်ငြိမ်မှု ပျက်ပြားအောင် လူမှုကွန်ရက်မှာ လှုံ့ဆော်ရေးသားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
2024-10-24
မြန်မာနိုင်ငံက အရပ်သားပြည်သူတွေကို တိုက်ခိုက်နေမှုအပေါ် တားဆီးနိုင်ဖို့ စစ်ကောင်စီထံ လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူပေးဖို့အတွက် Fortify Rights က တောင်းဆိုပါတယ်။
2024-10-24
သင်္ဃန်းညီနောင်က စစ်တပ်ဗျူဟာအပါအဝင် တပ်ရင်းသုံးခုနေရာကို ပြန်သိမ်းဖို့ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ခလရ ၂၇၅ မှာ စစ်ရေးပြင်ဆင်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
2024-10-24
အဲဒီဓာတုပစ္စည်းတွေကြောင့် လူတွေ ထိခိုက်ရတဲ့ သက်သေအထောက်အထားတွေ ရှိနေပြီး စုံစမ်းစစ်ဆေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
2024-10-24
စစ်ကောင်စီလက်အောက်ခံ ကသည်းလက်နက်ကိုင်တွေဟာ ကာကင်းကိုသိမ်းအပြီး နန်းမွန်းတာရွာကို ဝင်လာချိန်မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။