သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-13
ဒီနေ့ ပညာခေတ်ကြီးမှာ ဘယ်စာပေ ဘယ်ပညာရပ်မဆို လူတိုင်း ဆည်းပူးနိုင်ပေမဲ့ အလှမ်းကျယ် အလယ်လတ် မဟုတ်ပဲ တဆင့်ချင်း လေ့လာ ဆည်းပူးရမယ်၊ မိမိကိုယ်မိမိနှိမ့်ချပြီး အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ရမယ်လို့ မြန်မာစာပေလောကမှာ အထင်ရှားဆုံး အမျိုးသမီး စာရေးဆရာမတဦးအဖြစ် သတ်မှတ်ခံရတဲ့ စာရေးဆရာနဲ့ ကဗျာဆရာမကြီၤးဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အသက် ၈၁ နှစ် ပြည့်သွားပြီဖြစ်တဲ့ ဒေါ်ကြည်အေးက ပြောလိုက်ပါတယ်၊
2010-12-13
NLD ပါတီ တရားဝင် ဆက်လက် ရပ်တည်ခွင့်ရှိတယ် ဆိုတဲ့အချက်ကို နေပြည်တော် တရားရုံးချုပ်က နိုဝင်ဘာ ၂၂ ရက် နေ့မှာ ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး လာမဲ့ရက်ပိုင်းအတွင်း အယူခံဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှေ့နေတွေ ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ တွေ့ဆုံ ဆွေနွေးခဲ့ကြောင်း သိရပါတယ် ။
2010-12-13
တောင်အာဖရိနိုင်ငံ ပရီတိုးရီးယားမြို့မှာ ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် နိုင်ငံတကာ ကျောင်းသား လူငယ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ ဒီမိုကရေစီရေးကို ကူညီဖို့ ကမ္ဘာ့လူငယ်ထုကို ပထမဦးဆုံးအကြိမ် ဗီဒီယိုမိန့်ခွန်းကတဆင့် ပန်ကြားလိုက်ပါတယ်။
2010-12-12
မကွေးတိုင်း သရက်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်က ဆရာတော် ဦးပညာစာရကို ပြီးခဲ့တဲ့ အောက်တိုဘာလက စလို့ မိသားစုဝင်တွေနဲ့ တပည့် ဒါယိကာတွေက ထောင်ဝင်စာတွေ့ခွင့် မရသေးဘူးလို့ သိရပါတယ်။
2010-12-12
ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ကြတဲ့ သက်ဆိုင်ရာ တိုင်းမှူး၊ တပ်မမှူးတွေကို အရေးယူပေးပို့နဲ့ ကျန်ရစ်သူမိသားစုကို လျော်ကြေးပေးဖို့ကရင် ငြိမ်းချမ်းရေးကောင်စီက လာမယ့် သီတင်းပတ်အတွင်း စာရေး တောင်းဆိုမယ်လို့ ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဒေါက်တာ တင်မိုသီက RFA ကို ဒီကနေ့ ပြောပါတယ်။
2010-12-12
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ပြုလုပ်ဖို့ ပြင်နေတဲ့ ၂၁ ရာစု ဒုတိယ ပင်လုံညီလာခံ သဘောထားနဲ့ ပတ်သက်လို့ အများက သဘောပေါက်နားလည်မှု လွဲနေကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2010-12-12
အခုတပတ် ဦးသစ်ဆင်း စီစဉ်တင်ဆက် တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံမှာ စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားရေးအတွက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နိုင်ကြရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။
2010-12-12
လာမယ့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စပြီး မြန်မာနိုင်ငံသားတွေ နိုင်ငံခြားက ဝယ်ယူခဲ့တဲ့ပစ္စည်း တွေအပေါ် နှစ်ထပ်ခွန် ကောက်ယူတော့မယ်လို့ စစ်အစိုးရ ပြည်တွင်းအခွန်များ ဦးစီးဌာနက ဒီဇင်ဘာ ဒုတိယပတ်က ထုတ်ပြန် ကြေညာပါတယ်။
2010-12-12
Wikileaks ပေါက်ကြားခဲ့သလို မြန်မာ နိုင်ငံဟာ မြောက်ကိုရီးယားအကူအညီ နဲ့ နျူကလီးယား အစီအစဉ် ဖော်ဆောင် နေတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ ထိုင်း ဝန်ကြီးချုပ် အဖိဆစ်က စနေနေ့က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
2010-12-11
ကိုးလေးလုံး လူထုလှုပ်ရှားမှုမှာ ပါဝင် တယ်ဆိုပြီး ၁၉၉၉ ခုနှစ် စက်တင်ဘာ လမှာ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံ ခဲ့ရတဲ့ ပဲခူးမြို့ သနပ်ပင်ဇာတိ သံဃာ တော် အရှင်နေမိန္ဒဟာ မော်လမြိုင် အကျဉ်းထောင်မှာ ဒီဇင်ဘာလ (၈) ရက်နေ့က ဘဝနတ်ထံ ပျံလွန်တော်မူ သွားပါတယ်။
2010-12-11
မြန်မာအတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ အကြား ညီညွတ်မှုမရှိတဲ့ အချက်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲ ပေါ်ပေါက်လာရေး အတွက် အကြီးဆုံး အဟန့်အတားတခု ဖြစ်ကြောင်း WikiLeaks အင်တာနက်အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေးရာ လျှို့ဝှက်ကြေးနန်း မှတ်တမ်းတခုမှာ ဖော်ပြထားပါတယ်။
2010-12-11
ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ကို အမျိုးသားဒီမိုကရေစီရုံးချုပ်မှာကျင်းပခဲ့ပါတယ်။
2010-12-11
မြန်မာသင်္ဘောသား ၂၃ ဦး လိုက်ပါပြီး အမေရိကန် ကုမ္ပဏီတခုက ပြေးဆွဲနေတဲ့ လိုက်ဘေးရီးယား အလံတင် ကုန်တင်သင်္ဘော MV Panama ကို ဆိုမာလီ ပင်လယ်ဓားပြတွေ ဖမ်းဆီးသွားကြောင်း ဥရောပ သမဂ္ဂ ရေတပ်က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2010-12-11
လူ့အခွင့်အရေးရရှိဖို့ ကြိုးပမ်းသူတွေကို အကာကွယ်ပေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မနေ့က ပြောကြားလိုက်ပါတယ်။
2010-12-11
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး အခြေအနေ ပြောင်းလဲလာဖို့ နည်းလမ်း ရှာဖွေရာမှာ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ မကြာသေး ခင်က Wikileak အင်တာနက်မှာ ထွက်ပေါ်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန လျှို့ဝှက် စာရွက် စာတမ်းတွေမှာ ဖော်ပြထားပါတယ်။