နိုင်ငံခြားမှ ဝယ်ယူသည့် ပစ္စည်းများ အခွန်နှစ်ထပ် ကောက်ခံမည်

လာမယ့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စပြီး မြန်မာနိုင်ငံသားတွေ နိုင်ငံခြားက ဝယ်ယူခဲ့တဲ့ပစ္စည်း တွေအပေါ် နှစ်ထပ်ခွန် ကောက်ယူတော့မယ်လို့ စစ်အစိုးရ ပြည်တွင်းအခွန်များ ဦးစီးဌာနက ဒီဇင်ဘာ ဒုတိယပတ်က ထုတ်ပြန် ကြေညာပါတယ်။

2010.12.12

ကြေညာချက်အရ နိုင်ငံခြားက ဝယ်ယူခဲ့တဲ့ ပစ္စည်းဟာ ကျပ်ငွေ သုံးသိန်းဖိုးထက် ကျော်လွန်ရင် အခွန်ဆောင်ပြီးသည် ဖြစ်စေ၊ မဆောင်ရသေးသည် ဖြစ်စေ ပြည်တွင်း အခွန်ဦးစီးဌာနကို ဝယ်ယူခွန် ၃ ဒဿမ ၅ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ သိရပါတယ်။ နိုင်ငံခြားငွေနဲ့ ငွေပေးချေခဲ့ရင် နိုင်ငံခြားငွေ ပေးဆောင်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလို စီးပွာေးရး ကျဆင်းနေတဲ့အချိန်မှာ နိုင်ငံခြားက သွင်းကုန်တွေအပေါ် အခွန်နှစ်ထပ် ကောက်တာဟာ ဆေးဝါးလို နိုင်ငံခြားက သွင်းလာတဲ့ ပစ္စည်းတွေ ဈေးကြီးလာစေနိုင်တာက လွဲပြီး ဘာအကျိုးမှ မရှိကြောင်း ပြည်တွင်း လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြည်တွင်း အခွန်ဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ တနှစ် ပျမ်းမျှငွေ ကျပ် ဘီလီယံ ၉၀၀ အခွန် ကောက်ခံရရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-12-12 20:53

How to convert 300,000 Kyats to us$ by law.
is it 6 kyats = 1 us$ ?

Anonymous
2010-12-12 13:29

ဘယ်လို အကြံကြိးတွေနှင့် လုပ်တာတွေတုံး။ ဒီလိုသာအခွန်တွေထပ်ထပ်ပြိးတော့ ကောက်နေရင် ကျနော်တို့ လို နိုင်ငံခြားသွားပြိး ကျွန်ခံ၊ အခွန်တွေ တနင့်တပိုးပေး၊ အဲဒီအခွန်တွေက ဘယ်လိုမှစာရင်းဇယားမရှိ။ သန်းရွှေမြေး မျောက်လောင်း က စင်္ကာပူလာပြိးတော့ ကာစီနိုမှာ ရှုံးဖို့ လား။ နောက်ထပ်ပြိးတော့ အခွန်ကောက်အုံးမယ်ဆိုရင်တော့ သေဖွယ်ပဲရှိတော့တယ်။

Anonymous
2010-12-11 23:18

လုပ် ပါ အုံး မာ မီ စု ရေ။