သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-24
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ မြေယာအရေးနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ တောင်သူတွေ လွတ်မြောက် ရေးအတွက် တောင်သူ ၃၀၀ ကျော်က ဒီကနေ့ ပြင်ဦးလွင်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2017-10-24
ရန်ကုန်မြို့က ပြည်သူတွေကို ရေပေးဝေနေတဲ့ ဂျိုးဖြူရေလှောင်ကန်ကို အင်္ဂလိပ် အင်ဂျင်နီယာတွေ တည်ဆောက်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၈ဝ နီးပါး ရှိပြီဖြစ်ပါတယ်။
2017-10-23
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်လာနေသလို၊ ကုလသမဂ္ဂကလည်း မြန်မာအစိုးရက လူမျိုးတုန်း သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုထားပါတယ်။
2017-10-23
ငယ်စဉ်ကတည်းက Gay လို့ခေါ်တဲ့ လိင်တူချစ်သူတွေအဖြစ် ရပ်တည်ခဲ့ကြသူတွေနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကြားမှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။
2017-10-23
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လည်ပတ်နိုင်တဲ့ တိုင်းရင်းသားကျေးရွာတွေကို အခြေခံတဲ့ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဖို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဌာနနဲ့ ဒေသခံဧည့်လမ်းညွှန်တွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။
2017-10-23
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ(နတလ)ကျေးရွာက တောထဲ မှာ တောဝက်သွားရှာတဲ့ ဒိုင်းနက်တိုင်းရင်းသား လေးဦးကို မနေ့ညနေက လက်နက်ကိုင်ဆောင် ထားတဲ့ အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ တာကြောင့် နှစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
2017-10-23
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ညောင်နီကျေးရွာက မြေယာ ၁၈ ဧကမှာရှိတဲ့ နေအိမ်တချို့နဲ့ စိုက်ခင်းတွေကို သစ်တောပိုင်မြေဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းအစိုးရက ဖယ်ရှားခဲ့တဲ့အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတွေကို တရားစွဲဆို သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။
2017-10-23
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ပတ်သက်ပြီး မြန်မာနဲ့တရုတ်အစိုးရကြား အကျိုးအမြတ် ပြောင်းလဲသတ်မှတ်ဖို့ ဆွေးနွေးနေပြီး အမြန်ဆုံးအတည်ပြုနိုင်ဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောပါတယ်။
2017-10-23
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံဖို့အတွက် မနေ့ကအထိ အလှူငွေကျပ်သိန်းပေါင်း ၇ သောင်းကျော် ရရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထား ပါတယ်။
2017-10-23
တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးစာချုပ် NCA ကို ပြင်ဆင်လိုတယ်ဆိုရင် NCA မှာ လက်မှတ်ရေးထိုးပြီးနောက် တိုင်ပင်ညှိနှိုင်းလို့ရကြောင်း ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော် က ပြောပါတယ်။
2017-10-23
မြန်မာအလုပ်သမား ၁ ထောင်ကျော် အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံ နခွန်ပထုန်မြို့နယ်က လို့စ်တက်စ် ဆိုဖာစက်ရုံဟာ ဒီကနေ့မနက်မှာ မီးလောင်တာကြောင့် အလုပ်သမားတွေ အလုပ်ဆက်လုပ်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ အဲဒီမြန်မာအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံ မြန်မာအလုပ်သမားသံအရာရှိတွေနဲ့ ပူးပေါင်းကူညီဖို့ စီစဉ်နေတယ်လို့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။
2017-10-23
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ကလပ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီး မြေကျွံမှုဖြစ်ပွားခဲ့တာကြောင့် နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဈေးဆိုင်တွေမှာ မြေအက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေပါတယ်။
2017-10-23
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဦးဆောင်ပါဝင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းမှာ လုပ်ငန်းရှင်တွေ ဦးစီးဆောင်ရွက်မယ့်လုပ်ငန်းအဖွဲ့ ၉ ဖွဲ့ ထားရှိဖို့ မနေ့က UMFCCI မှာ ကျင်းပတဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။
2017-10-23
သိမ်းထားတဲ့မြေတွေထဲက အသုံးမပြုတဲ့မြေတွေကို တပ်ကပြန်စွန့်လွှတ်လိုက်ပေမဲ့ တောင်သူတွေ လက် ပြန်မရောက်ဘဲ လုပ်ငန်းရှင်ကြီးတွေ လက် ရောက်နေတဲ့အတွက် တောင်သူတွေ မြေမဲ့ ယာမဲ့ ဘဝလည်းရောက်၊ တရားတဘောင်တွေ လည်း ရင်ဆိုင်ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-10-22
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုနဲ့ပတ်သက်ပြီး ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပါဝင်တဲ့ စုံခုံဖွဲ့စည်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။