သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-22
မလေးရှားနိုင်ငံ ဂျလန် ပန်ကက် Jalan Puncak ဒေသက အုတ်ဖုတ်စက်ရုံတခု မှာ မြန်မာ အလုပ်သမားတဦး မနေ့က အမှုန့်ကြိတ်စက်ထဲကျလို့ သေဆုံးသွားပါတယ်။
2016-10-22
တိုက်ပွဲတွေရပ်ဆိုင်းပြီး ပြည်ထောင်စု တဝှမ်းလုံးငြိမ်းချမ်းဖို့ ကချင်ပြည်နယ် မြစ် ကြီးနားမြို့မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဒီကနေ့ စုပေါင်းဆန္ဒပြပြီး တောင်းဆိုကြပါတယ်။
2016-10-22
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ ထွက်ပြေး တိမ်းရှောင်လာသူတွေ တနေ့ထက်တနေ့ ပိုများလာနေပြီး မူလနေရပ်တွေကို ပြန်မသွားနိုင် ဘဲ မောင်တောဒေသမှာ ရခိုင်တိုင်းရင်းသား လူဦးရေ နည်းသွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2016-10-22
အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ ရှိတဲ့ ဒေသခံတိုင်းရင်းသားတွေ စုပေါင်းပြီး ကွတ်ခိုင်မြို့ပေါ်မှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2016-10-22
ဂျပန်နဲ့ မြန်မာတို့ပူးပေါင်းဆောင်ရွက်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန် ဇုန် B အတွက် လက်မှတ်ရေးထိုးပွဲကို ဒီကနေ့ နေပြည်တော်က Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။
2016-10-22
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ရန်ကုန်မြို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး- ဗဟိုဌာန မှာ လေးရက်ကြာ ကျင်းပခဲ့ပါတယ်။
2016-10-22
ရှစ်လေးလုံး လူထုအုံကြွမှုအပြီး နိုင်ငံ့အာဏာ စွန့်လွှတ်လိုက်ရတဲ့ "မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ" ကို ပြောင်းလဲဖွဲ့စည်းထားတဲ့ "တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ"ရဲ့ စတုတ္ထအကြိမ်မြောက် ဗဟို ကော်မတီ အစည်း အဝေးကို ရန်ကုန်မြို့မှာ ၂ ရက်ကြာကျင်းပခဲ့ရာမှာ ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲ လုပ်လိုက်ပါတယ်။
2016-10-22
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-10-22
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ က မောင်တောဒေသကို လူသားချင်း စာနာမှုဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ခွင့်ပြုဖို့ မြန်မာအစိုးရကို ဆက်လက်တိုက်တွန်းနေ ပါတယ်။
2016-10-22
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာမှာရှိတဲ့ တီကျစ် ကျောက်မီးသွေးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံကို အကြီးစားပြန် လည်ပြင်ဆင်နေရာ က ပြန်လည်ပတ်နိုင်ဖို့ မနေ့မနက်က စမ်းသပ်လည်ပတ် ပါတယ်။
2016-10-22
ဟုမ္မလင်းက မုံရွာသွားတဲ့ အောင်စိုး မိုးကျော်ရေယာဉ် ချင်းတွင်းမြစ်အတွင်း နစ်မြုပ်မှုကြောင့် သေဆုံးသူ ၇၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိပြီလို့ အစိုးရက သော ကြာနေ့မှာ အတည်ပြုပြောဆိုကြောင်း သိရပါတယ်။
2016-10-21
ချင်းတွင်းမြစ်တွင်း နစ်မြုပ်ခဲ့တဲ့ အောင်စိုး မိုးကျော် ရေယာဉ်ကိစ္စဟာ စည်းမဲ့ကမ်းမဲ့ အထိမ်းအကွပ်မဲ့ ဆောင်ရွက်နေကြတာရဲ့ အကျိုးဆက်ရလဒ်ဖြစ်ပါတယ်။
2016-10-21
စင်္ကာပူနိုင်ငံမှာ အိမ်အကူလိုအပ်ချက် မြင့်မားနေသေးသလို အိမ်အကူအဖြစ် သွားရောက်အလုပ်လုပ်လိုတဲ့ မြန်မာအမျိုးသမီးတွေလည်း အများအပြားရှိနေသေးပါတယ်။ နှစ်ဦးနှစ်ဘက် လိုအပ်ချက်ရှိနေတဲ့ စင်္ကာပူနိုင်ငံရဲ့ အိမ်အကူလုပ်ငန်းအခြေအနေကို မခက်မာက တင်ပြထားပါတယ်။
2016-10-21
အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ အခြေအနေတွေ တည်ငြိမ်စပြုနေပြီ ဆိုပေမယ့် ဒေသခံတွေဟာ လုံခြုံရေးအခြေအနေ စိုးရိမ်နေကြဆဲဖြစ်ပြီး စားနပ်ရိက္ခာအခက်အခဲတွေလည်း ကြုံနေကြရပါတယ်။
2016-10-21
သီလဝါ အထူးစီးပွားရေးဇုန် ဒုတိယအဆင့် ဇုန် B စီမံကိန်းကို မြေယာပြဿနာဖြေရှင်း ပြီး တဲ့ မြေနေရာတွေမှာပဲ အကောင်အ ထည်ဖော်မယ်လို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဆက်အောင်က ပြောပါတယ်။