PNLO နာယက ခွန်ဥက္ကာနဲ့ တွေ့ဆုံမေးမြန်းချက်
2016.10.22
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ရန်ကုန်မြို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး- ဗဟိုဌာန မှာ လေးရက်ကြာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးက ရရှိလာတဲ့ ဆွေးနွေးချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ့် နေပြည်တော်က ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်မှာ ဖြစ်ပါတယ်။ UPDJC အဖွဲ့ဝင်တဦးဖြစ်တဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ခွန်ဥက္ကာကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။