သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-07-31
ရွေးကောက်ခံခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကလည်း စစ်ခေါင်းဆောင်ရဲ့တင်ပြချက်ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။
2023-07-31
စယ်လန့်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ နမ့်ခမ်းမြို့မ ပြည်သူ့စစ်ယာဉ်တန်းနဲ့ TNLA တပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ရာကနေ တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။
2023-07-31
မိုဆိုရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးသူအဖြစ်နဲ့ ဥရောပသမဂ္ဂက အရေးယူ ဒဏ်ခတ်ထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို စစ်ကောင်စီက ရဲချုပ်အဖြစ် ပြောင်းလဲခန့်အပ် လိုက်ပါတယ်။
2023-07-30
စစ်ကိုင်းနဲ့ ကရင်မှာ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် ဇူလိုင် ၂၉ ရက်နေ့ တစ်ရက်တည်းမှာပဲ တစ်ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2023-07-30
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကိုပေးနေတဲ့ စားနပ်ရိက္ခာအကူအညီတွေကို ရန်ပုံငွေမလုံလောက်တဲ့အတွက် လျှော့ချခဲ့ရကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။
2023-07-29
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ဇွန် ၃၀ ရက်အထိ နိုင်ငံတစ်ဝန်းက နေအိမ် ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
2023-07-28
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် အချုပ်ထောင်ထဲကနေ ပိုပြီးသက်တောင့်သက်သာရှိတဲ့ နိုင်ငံတော်ပိုင် နေအိမ်တစ်ခုကို ပြောင်းရွှေ့လိုက်ပါတယ်။ ဒီလိုပြောင်းရွှေ့ကြောင်း NLD ပါတီ တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၂၈ ရက်နေ့က RFA ကို အတည်ပြုပါတယ်။
2023-07-28
မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်ကြီးကို ဩဂုတ် ၁ ရက်နေ့မှာ အနေကဇာတင်အခမ်းအနားပြုလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
2023-07-28
မြန်မာ့အားကစားလောကမှာ နိုင်ငံ့ဂုဏ်ဆောင်လက်ဝှေ့ချန်ပီယံအနေနဲ့ လူသိများတဲ့ တူးတူး (နဂါးမာန်) ဟာ စစ်ကောင်စီဖမ်းထားတဲ့ကာလမှာပဲ သေဆုံးခဲ့ရပါတယ်။
2023-07-27
KNLA ပူးပေါင်း စစ်ကြောင်းတွေ မြဝတီ လက်ခတ်တောင် ဘုရားကုန်းစစ် စခန်းနဲ့ ကော့ကရိတ် ဒေသကို နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ အမှတ် ၃ စစ်ဒေသ တောင်ပိုင်းတိုင်းတာဝန်ရှိသူ ရဲဘော် စောရှားက ပြောပါတယ်။
2023-07-27
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းပေါ်မှာရှိတဲ့ ခါမ်းပါတ်မြို့မှာ တိုက်ပွဲဆက်ပြင်းထန်နေတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်ထောင်ခန့်ရှိလာပါတယ်။
2023-07-27
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းရိုးရာဝတ်စုံတွေ လူကြိုက်ပိုများလာပြီး စျေးကွက်ရှိလာနေပါတယ်။
2023-07-27
ဒိုက်ဦးအကျဉ်းထောင်မှာ ထောင်အပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်ခံရတာနဲ့ ထောင်ထဲမှာ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အနည်းဆုံး ၁၃ ယောက်ရှိလာပါတယ်။
2023-07-26
NUG က ဖွင့်လှစ်လိုက်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် SDB ဟာ မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီ တည်ထောင်နိုင်ဖို့ အတွက်တင်မကဘဲ နိုင်ငံအတွင်းမှာ ခိုင်မာမှု အရှိဆုံး ဘဏ်တစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေပါတယ်။
2023-07-26
စစ်ကောင်စီကလာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ကို ထုတ်ဝေမှာဖြစ်ပြီး ဒီငွေစက္ကူသစ်ကြောင့် ငွေကြေးဖောင်းပွမှုတွေ မဖြစ်လာနိုင်ဘူးလို့ ပြောဆိုထားပါတယ်။