သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-31
မြန်မာနိုင်ငံမှာ အခုလတ်တလော ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်လာနေတာ အပါအဝင်၊ ကူးစက်မှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။
2021-07-31
ဆယ်နှစ်သက်တမ်းသာ ရှိသေးတဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ကြားဖြတ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ခြောက်လပြည့်သွားချိန်မှာ မြန်မာ ပြည်သူတွေဟာ လွတ်လပ်ခွင့်နဲ့ အသက်ရှင်ရပ်တည်ရေးအတွက် တိုက်ပွဲဝင်နေ ကြရဆဲပါ။
2021-07-30
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကအာဏာသိမ်းခဲ့တာ အခုဆိုအချိန် ခြောက်လ ပြည့်ခဲ့ပါပြီ။ ဒီခြောက်လတာ ကာလအတွင်းမှာ စစ်ကောင်စီက နိုင်ငံကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းနိုင်ခြင်း မရှိသေးသလို ပြည်သူတွေဟာလည်း အဘက်ဘက်က ဆင်းရဲဒုက္ခမျိုးစုံနဲ့ ပိုမိုရင်ဆိုင်နေကြရတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2021-07-29
မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါကာလအတွင်း ဆေးရုံ၊ ဆေးခန်းတွေက လူနာတွေကို လက်ခံကုသမပေးတာကြောင့် နေအိမ်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသရင်း သေဆုံးတာတွေ များလာနေတယ်လို့ အကူအညီပေးနေသူတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက RFA ကိုပြောပါတယ်။
2021-07-28
လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းအတွင်း မြန်မာပြည်သူတွေဟာ ရောဂါပိုးကူးစက်မှု အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင် ဖြေရှင်းနေကြရပါတယ်။ ဆေးရုံဆေးခန်းတွေမှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရတဲ့ အပြင် ဆေးကုသစရိတ် အောက်ဆီဂျင်ဗူးစရိတ် သူနာပြုစရိတ်တွေလည်း အဆမတန်မြင့်တက်နေတဲ့အတွက် ပြည်သူတွေ ဒုက္ခရောက်နေကြပါတယ်။
2021-07-28
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေကြား ကိုရိုနာ ဗိုင်းရပ်စ် တတိယလှိုင်းရဲ့ဒဏ်တွေကြောင့် လူရာနဲ့ချီ နေ့စဉ်သေဆုံးနေရသလို စားဝတ်နေရေးအတွက်လည်း အခြေခံစားသောက်ကုန်တွေကအစ ဈေးအဆမတန် ကြီးမြင့်နေပါတယ်။ ကြက်ဥဈေးဆိုရင် ဈေးနှစ်ဆကျော် တက်သွားပြီး ဈေးတက်သွားတဲ့ ကြက်ဥတွေကို လိုက်ဝယ် ပြီး ငွေငါးကျပ်နဲ့ အလှူအတန်း သဘောမျိုး ပြန်ရောင်းပေးတဲ့ လှုပ်ရှားမှုတွေလည်း ရှိလာနေပါတယ်။
2021-07-28
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု တွေကြောင့် အခု ၂၀၂၁ နှစ်ကုန်ပိုင်းမှာ မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ အာဏာသိမ်းပြီးတစ်လအကြာ မတ်လထဲမှာ ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ခဲ့တာပါ။
2021-07-27
ပြည်သူအများစု မဲပေးရွေးချယ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက် လိုက်ပြီလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်တာဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တာဖြစ်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ အများစု အနိုင်ရထားတဲ့ NLD ပါတီက တုံ့ပြန်လိုက်ပါတယ်။ ဒီလိုဖျက်သိမ်းတာဟာ ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်ပြီး ရွေးကောက်ပွဲပြန်လုပ်မယ် ဆိုရင်တောင် တရားမျှတမှု မရှိနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ပါတယ်။
2021-07-26
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ မြန်မာနိုင်ငံ လျှပ်စစ်ဖြန့် ဖြူးရေး အခက်အခဲရှိပြီး လျှပ်စစ်မီတာခ မပေးဆောင်ရေး သပိတ်တိုက်ပွဲကြား မြို့ပြတွေမှာ မကြာခဏမီးပျက်တယ်လို့ Nikkei Asia က မနေ့က ဖော်ပြတဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ ပါရှိပါတယ်။
2021-07-23
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် တစ်ကျော့ပြန်ဖြစ်လာတဲ့ Covid-19 တတိယလှိုင်းကြောင့် နေ့စဉ် လူထောင်ချီ သေဆုံးနေချိန်မှာပဲ ဗဟိုအစိုးရ အာဏာ သက်ရောက်မှုမရှိတဲ့ UWSA ဝတပ်ဖွဲ့ ထိန်းချုပ်နယ်မြေမှာတော့ တရုတ်ကကူညီတဲ့ COVID -19 ကာကွယ်ဆေးကို ဝဒေသတွင်းက လူအားလုံးနီးပါး ထိုးနှံပြီးပြီလို့ ဝတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါ တယ်။
2021-07-21
မြန်မာပြည်တဝန်း ကိုဗစ်လူနာရှင်တွေအတွက် လက်ရှိအကြီးမားဆုံး အခက်အခဲကတော့ အောက်စီဂျင် ရှာရခက်ခဲတဲ့ ပြဿနာပါပဲ။ ဒီအခက်အခဲကို ပြည်သူတွေ ဘယ်လိုဖြေရှင်းနေကြပါသလဲ။ လက်ရှိ ဖြစ်ပွားမှုအခြေအနေက ဘယ်လောက်ဆိုးဝါးနေပြီလဲ။
2021-07-20
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ အချိန်ကတည်းက ဖမ်းဆီးခံ ထားရပြီး ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ လက်ထဲမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။
2021-07-19
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ဖြစ်ပွားနှုန်းတွေ မြင့်တက်နေချိန်မှာ ဆေးရုံတွေနဲ့ ကုသရေးစင်တာတွေမှာ အောက်ဆီဂျင် အလုံအလောက်မရှိတာ၊ အောက်ဆီဂျင်ကို စျေးအဆမတန်တင်ပြီး ရောင်းချသူတွေရှိနေပါတယ်။
2021-07-18
ဒီနေ့ကျရောက်တဲ့ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့်ခွန်း တွေထဲက လက်ရှိ ဒီကာလနဲ့ တိုက်ဆိုင်တယ်လို့ပြောနိုင်တဲ့ စကားတချို့ကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က ကောက်နုတ်တင်ပြထားပါတယ်။
2021-07-16
မကွေးမြို့မှာ စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်ဖမ်းဆီးမှုကိုခံရလို့ မျက်လုံး ကွယ်လုနီးပါးဖြစ်ခဲ့ရသလို လက်ပြတ်ပြီး ခြေထောက်မသန်ဖြစ်နေတဲ့ အင်ဂျင်နီယာ ဒုတိယနှစ်ကျောင်းသား ကိုလျှံဖြိုးအောင်ဟာ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ဆေးကုသခွင့် လည်းမရသေးပါဘူး။ ကိုလျှံဖြိုးအောင်ရဲ့ မိသားစုနဲ့ လူငယ်ကျောင်းသားခေါင်းဆောင်တွေက အမြန်ဆုံးဆေးကုသခွင့် ရဖို့ တောင်းဆိုနေကြပါတယ်။