သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-30
နေပြည်တော် ပုဂ္ဂလိကကျောင်းက မူကြိုကျောင်းသူတစ်ယောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အမှုမှာ တရားခံအမြန်ဆုံးဖော်ပေးဖို့၊ အမှုမှန်ဖော်ပေးဖို့ လူမှုကွန်ရက်နေ တောင်းဆိုသူတွေ ရှိလာပါတယ်။ ဒီအမှုကိုလည်း ဖော်ထုတ်နိုင်ဖို့ ကြိုစားနေတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ သတင်းထုတ်ပြန်ပါတယ်။
2019-06-29
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက လယ်သမားတွေဟာ တိုက်ပွဲဖြစ်နေစဉ်ကာလအတွင်း တပ်မတော်က ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေလုပ်မှာကိုစိုးရိမ်လို့ လယ်ထွန်ဖို့တောင် အခက်အခဲဖြစ်နေကြတယ်လို့ တောင်သူတွေက ပြောပါတယ်။
2019-06-28
မြေယာသိမ်းဆည်းထားတာတွေကို မြန်မြန်ဆန်ဆန်ပြန်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဓနုဖြူမြို့နယ်က တောင်သူလယ်သမားတွေနဲ့တွေ့ဆုံပွဲမှာ တိုက်တွန်းလိုက်ပါတယ်။
2019-06-28
ရခိုင်ပြည်နယ်ကဆက်တိုက်ဖြစ်နေတဲ့တိုက်ပွဲတွေအတွင်းဖိနှိပ်ခံရမှုတွေကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ တပ်မတော်အပေါ် မုန်းတီမှုတွေပိုပြီးဖြစ်လာတယ်လို့ ရခိုင်နိုင်ငံရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2019-06-27
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ မြို့နယ် ရှစ်ခုမှာ အင်တာနက် ဖြတ်တောက်လိုက်တာဟာ အစိုးရတပ်တွေအနေနဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဖို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောပါတယ်။
2019-06-27
ဒုက္ခသည်တွေကို ပြန်ပို့နိုင်ဖို့ ရခိုင်ပြည်နယ်မှာ နေနိုင်တဲ့ အခြေအနေလုပ်မထားဘဲ လက်ခံဖို့ အချိန်ဆွဲထားတယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောပေမယ့် မြန်မာနိုင်ငံကတော့ လက်ခံဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။
2019-06-27
မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးလို့ခေါ်တဲ့ A-H1N1 ရောဂါပိုးကြောင့် မနေ့ကအထိ သေဆုံးသူ ကိုးဦး ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
2019-06-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့ ညွန်ကြားထားတာကြောင့် ဒီနေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၁၀ ဦးဟာ ယင်းမာပင် ခရိုင်အတွင်းက ဒေသခံ ၃၀၀ ခန့်နဲ့ တွေ့ဆုံခဲ့ပါတယ်။
2019-06-27
ထိုင်းနိုင်ငံ ရနောင်းမြို့မှာ အမျိုးသမီးတစ်ယောက် အသတ်ခံရတာနဲ့ပတ်သက်ပြီး ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ မြန်မာအလုပ်သမား နှစ်ယောက်ကို သက်သေမခိုင်လုံတာကြောင့် ထိုင်းတရားရုံး က ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2019-06-27
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ အမြောက်အများဟာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်နှိပ်စက်မှုတွေကြောင့် မစွမ်းမသန်ဖြစ်နေပြီး သူတို့ဘဝတွေ ပြန်လည်ထူထောင်ဖို့ ရေရှည်အကူအညီတွေ လိုအပ်နေတယ်လို့ နယူးယောက်အခြေစိုက် Physician for Human Rights (PHR) ခေါ် လူ့အခွင့်အရေးဆိုင်ရာ ကျန်းမာရေး ပညာရှင်များအဖွဲ့က ပြောကြားလိုက်ပါတယ်။
2019-06-26
ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီရွာအနီး မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်ရဲ့တိုက်ပွဲကြောင့် ရွာလုံးကျွတ်နီးပါးထွက်ပြေးသွားခဲ့ကြတယ်လို့ ဆင်သီကျေးရွာကျောင်းတိုက်က အနော်မာလမင်းဆရာတော်က RFA ကို မိန့်ပါတယ်။
2019-06-26
တပ်မတော်က အပစ်ရပ်ထားတဲ့ ခြောက်လတာကာလအတွင်း အပစ်ရပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေထဲက တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကလွဲပြီး ကျန်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ လျှော့ချနိုင်ခဲ့တယ်လို့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောကြပါတယ်။
2019-06-26
ရေကာတာတွေကို ကမ္ဘာအရပ်ရပ်မှာ အရွယ်အစားစား ပုံစံအမျိုးမျိုး ဆောက်လုပ်ခဲ့ကြတာ မှန်ပါတယ်။ အဲဒီထဲက တချို့တွေက ကောင်းကျိုးထက် ဆိုးကျိုး ပိုပြီးပေးခဲ့တာ သာဓကတွေ ရှိပါတယ်။
2019-06-25
CMEC ခေါ် တရုတ်- မြန်မာ စီးပွားရေးစြင်္ကန်လမ်းစီမံကိန်းတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြရာမှာ တရုတ်နဲ့ ဆက်ဆံရေးက မြန်မာ့အကျိုးစီးပွားကို မကျော်လွန်ဖို့ လိုအပ်ကြောင်း ပြောဆိုတာတွေ ရှိခဲ့ပါတယ်။
2019-06-25
မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာတွေမှာ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေ အဓမ္မလုပ်အားပေးစေခိုင်းတာတွေ ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ စံနှုန်းတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ကော်မတီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။