အင်တာနက်ဖြတ်ထားတဲ့ နေရာတွေမှာ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေတကယ်ရှိနေသလား
2019.06.27

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ မြို့နယ် ရှစ်ခုမှာ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေထဲက အင်တာနက်ကို အစိုးရကဇွန်လ ၂၁ ရက်နေ့ကစပြီး ဖြတ်တောက် လိုက်ပါတယ်။ ဒီဆောင်ရွက်ချက်ဟာ အစိုးရတပ်များအနေနဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောပါတယ်။
ဒါပေမဲ့ ဒီပြောဆိုချက်ကို အစိုးရတပ်မတော်ကတော့ ငြင်းဆိုပေမယ့် ရခိုင့်တပ်တော် AA ဘက်ကတော့ တပ်မတော်ဟာ အရပ်သားတွေကို ရှင်းလင်းရေး လုပ်ငန်းတွေပါ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
(RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စုစည်းတင်ပြသည်)