သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-30
တရုတ်ရဲ့စီမံကိန်းတွေဟာ မြန်မာပြည်သူတွေအတွက်အကျိုးရှိဖို့ဆိုရင်၊ ဆင်သွားရင်လမ်းဖြစ်တယ် ဆိုတဲ့အတိုင်း လူထုထောက်ခံမှုကသာ အဆုံးအဖြတ်ဖြစ်စေမယ့်အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သုံးသပ်တင်ပြထားပါတယ်။
2019-04-29
တပ်မတော်ဘက်က စစ်ရေးအရှိန်တိုးမြှင့်ဖို့ အင်အားထပ်မံဖြည့်လာတဲ့အတွက် ရက္ခိုင့်တပ်မတော် AA က အပြင်းအထန်ခုခံရမှာ ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ အသွားအလာ ဆင်ခြင်ကြဖို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတိပေးပြောကြားထားပါတယ်။
2019-04-29
လက်ရှိအချိန်ထိ နိုင်ငံရေးအကျဉ်းသား ၄၅ ယောက် အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေသေး တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် တတိယအကြိမ်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ဖို့ မျှော်လင့်ကြောင်းလည်း AAPP က ဆိုပါတယ်။
2019-04-28
နေ့အပူချိန်တွေ မြင့်တက်နေတာကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ သောက်ရေနဲ့ သုံးရေတွေပြတ်လပ်နေပါတယ်။
2019-04-27
သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ မူးယစ်ဆေးဝါးအမှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ အတော်များများ ပါဝင်နေတာကြောင့် အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှု အပိုင်းမှာ ခုထက်ပိုပြီး ကြပ်မတ်ဖို့လိုကြောင်း ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။
2019-04-26
အခုလ ၂၂ ရက်နေ့က အကျဉ်းဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေ မှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတဲ့ ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ နိုင်ကျဉ်းအဖွဲ့တွေ နဲ့ ရှေ့နေတွေက တောင်းဆိုနေကြပါတယ်။
2019-04-26
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး လောလောဆယ် ပြည်သူကို ချမပြသေးတာက အကျိုးထက်အပြစ်က ပိုများမှာစိုးတဲ့အတွက်လို့ လက်ရှိအာဏာရပါတီ NLD ပြောခွင့်ရသူက ပြောပါတယ်။
2019-04-25
ဘေကျင်းကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ မနေ့ညနေပိုင်းက နှစ်နိုင်ငံသီးသန့်တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2019-04-25
ဖားကန့်မှာ မြေစာပုံပြိုကျမှုတွေ ကမ်းပါးပြိုကျမှုတွေကြောင့် လူတွေသေဆုံးနေရတဲ့အပေါ် အစိုးရက စီစဉ်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။
2019-04-24
ရခိုင်ပြည်နယ်တွင်းက စစ်ရေးပဋိပက္ခတွေက ဖြေရှင်းဖို့အတွက် မြန်မာ့တပ်မတော် နဲ့ AA ရခိုင်တပ်မတော်တို့ တွေ့ဆုံညှိနှိုင်းဖို့ တောင်းဆိုမှုတွေ ရှိနေပေမယ့်လည်း လက်ရှိအခြေအနေအရ တွေ့ဆုံပွဲဖြစ်လာဖို့ မလွယ်ကူနိုင်ဘူးဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်။
2019-04-24
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်အစိုးရရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမ ဆွေးနွေးပွဲကို သွားရာမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစုံတရာ ချမှတ်သဘောတူခဲ့မလားဆိုတာ ပြည်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။
2019-04-24
ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ ပြင်ဆင်ချက် အယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ဒီကနေ့ ပယ်ချလိုက်တဲ့အပေါ် ပြည်တွင်းပြည်ပက ဝါရင့်သတင်းစာဆရာကြီးတွေက ဝေဖန်ရှုတ်ချကြ ပါတယ်။
2019-04-23
Belt and Road ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းအတွက် တရုတ်နိုင်ငံက ဝင်ရောက်ရင်းနှီးမြှုပ်နှံံတဲ့ နိုင်ငံတွေမှာ အကဲစမ်းစရာ ဘုံပြဿနာတွေ ရှိတယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Center for a New American Security (CNAS) အမေရိကန်လုံခြုံရေးရာသစ်ဌာနက ပြောကြားလိုက်ပါတယ်။
2019-04-23
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နှစ်ဘက်လက်နက်ကိုင်အဖွဲ့ အမြန်ဆုံးတေ့ွဆုံဆွေးနွေးဖို့ လူမှုအဖွဲ့အစည်း ၂၉၈ ဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2019-04-23
မနေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဇီးပင်ချောင်း- လိပ်ဆုံမှာ ရဲကားတစ်စီးကို ARSA ရိုဟင်ဂျာကယ်တင်ရေးတပ်ရဲ့ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး တပ်မတော်အနေနဲ့ AA ရခိုင့်တပ်မတော်နဲ့ ARSA အဖွဲ့တို့ကို တပြိုင်တည်း ရင်ဆိုင်တိုက်ခိုက်ရမယ့် အခြေအနေ ရောက်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်ပါတယ်။