သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-31
အရပ်သားပြည်သူတွေနဲ့ ဒီမိုကရေစီရရှိရေးလှုပ်ရှားသူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကြမ်းတမ်းစွာ ဖိနှိပ်ရက်စက်မှုတွေကို ကမ္ဘာအနှံ့ ပြစ်တင်ရှုတ်ချနေပေမယ့် ရပ်တန့်သွားခြင်းမရှိပါဘူး။ သူတို့ဘာကြောင့် ဒီလိုလူမဆန်မှုတွေကို ကျူးလွန်နေကြတာလဲ။ တပြိုင်နက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြီး ဒီမိုကရေစီ လိုလားသူတွေဘက်ကို ကူးပြောင်းလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အရေအတွက်ကလည်း တနေ့တခြား တိုးပွားများပြားလာနေတယ်လို့ ပြောကြပါတယ်။
2022-01-31
မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေနဲ့ပတ်သက်ပြီး FEM လို့ခေါ်တဲ့ Free Expression Myanmar လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ)အဖွဲ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
2022-01-31
အာဆီယံ အထူးသံတမန်ရဲ့ ခရီးစဉ်ဟာ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ခွင့်မရဘူးဆိုရင် စစ်တပ်အတွက် ထွက်ပေါက်ပေးသလိုသာဖြစ်လိမ့်မယ်။
2022-01-31
နေရပ်ပြန်ဖို့ခက်တဲ့ မြန်မာဒုက္ခသည် သုံးထောင်ကျော် ဟာ သောင်ရင်းမြစ်ကမ်းတလျှောက်မှာ ယာယီတဲတွေ နဲ့ ဆက်လက်နေထိုင်ရပါတယ်။
2022-01-31
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်အတွင်း ၄၄ မြို့နယ်မှာ စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်ခဲ့ပါတယ်။
2022-01-28
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုရင်ဆိုရင် တစ်နှစ်တင်းတင်း ပြည့်သွားပါပြီ။ တစ်နှစ်တာကာလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် အသက်ပေါင်းများစွာ သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ စစ်မီးတောက်လောင်လာနေသလို၊ တိုင်းပြည်ဟာလည်း ကျရှုံးနိုင်ငံ ဖြစ်လာနေပြီလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
2022-01-28
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက်၊ ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိန္ဒိယနိုင်ငံတွင်းကို ဝင်ရောက်ခိုလှုံခဲ့ကြပါတယ်။
2022-01-28
စစ်တပ်အာဏာသိမ်း တစ်နှစ်ပြည့်ကာလမှာ ဒီမိုကရေစီပြန်လည်ရရှိရေး အသက်ပေးစွန့်လွတ်ခဲ့ရသူတွေအတွက် တောင်ကိုရီးယားဘုန်းတော်ကြီးတွေက ဂုဏ်ပြုဆုတောင်းတဲ့ အခမ်းအနားတခုကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဇန်နဝါရီလ ၂၈ မနေ့နေ့လည်က ကျင်းပခဲ့ပါတယ်။
2022-01-28
အာဏာသိမ်းမှုကြောင့် လူငယ်တွေရဲ့အနာဂတ် ဖျက်ဆီး ခံရပေမယ့် နိုင်ငံတော်သစ်ကို ဇွဲမလျှော့ပဲ တည်ဆောက်သွားမယ်လို့ ပြောလိုက်ပါတယ်။
2022-01-28
စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မှာ ပြည်သူတွေက အသံတိတ်သပိတ်လုပ်ဖို့ ပြင်ဆင်နေသလို စစ်တပ် ကလည်း သပိတ်ကိုတားဆီးဖို့ ကြိုးပမ်းနေပါတယ်။
2022-01-27
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ရက်က ရုရှားနိုင်ငံအလံတင် သင်္ဘောတစ်စီးဟာ ရန်ကုန်မြို့အနီးက သီလဝါ ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး၊ ရုရှားနိုင်ငံလုပ် BRDM-2 အမျိုးအစား တင့်ကားတွေကို ချပေးခဲ့တယ်လို့ Myanmar Witness ဝက်ဘ်ဆိုဒ်နဲ့ ပြည်တွင်း သတင်းမီဒီယာ အချို့က သတင်းဖော်ပြခဲ့ပါတယ်။
2022-01-27
ကရင်၊ ကယား၊ ချင်း၊ မကွေး၊ စစ်ကိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်အတော်များများမှာ အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတဲ့အတွက် ပြည်သူပိုင်အဆောက်အအုံတွေ၊ ဘုရားကျောင်းတွေ ပျက်ဆီးရသလို ဒေသခံ သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကို ဘယ်လိုရပ်တန့်နိုင်ပါမလဲ ..... ။
2022-01-27
လက်ရှိ ၂၀၂၁ စစ်အာဏာသိမ်းမှုကတော့ မြန်မာ့သမိုင်းမှာ အဆိုးဆုံးနဲ့ ပြည်သူလူထု ထိခိုက်နာကြင်မှု အများဆုံး စစ်အာဏာသိမ်းမှုဖြစ်တယ်လို့ ၁၉၆၂ ကို သိမီခဲ့သူ သက်ကြီးဝါကြီး နိုင်ငံရေးသမားတွေက သုံးသပ်ပြောဆိုကြပါတယ်။
2022-01-26
စစ်တပ်အာဏာသိမ်းအပြီး တနှစ်ကာလအတွင်း အပြောင်းအလဲတချို့ ပေါ်ပေါက်ခဲ့ကြောင်း၊ နိုင်ငံတကာ လေ့လာသုံးသပ်သူတွေ၊ သံတမန်တွေနဲ့ မူဝါဒချမှတ်သူတွေ ကြားမှာလည်း မြန်မာ့ပြဿနာ အဖြေရှာရေးဟာ အာဏာသိမ်းစစ်တပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကြား ညှိနှိုင်းနိုင်ရေးအပေါ်တည်မှီနေတာဖြစ်ကြောင်း ရှုမြင်ပြောဆိုနေကြတာပါ။
2022-01-26
မြန်မာစစ်တပ်ဟာ ပြည်တွင်းဖြစ်ရော ပြည်ကက လက်နက်တွေပါသုံးရုံမက ဝေဟင်ကပါ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို နှိမ်နင်းနေပါတယ်။ လက်နက်ပြည့်စုံပေမဲ့ တပ်မဖြန့်နိုင်တဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ ကျင့်သုံးတဲ့အတိုင်း လေကြောင်းက ပစ်ကူယူရတယ်လို့ လေ့လာသူတွေ သုံးသပ်ပါတယ်။