သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-03
စစ်ကောင်စီက အခုနောက်ပိုင်းမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး လူ့သက်တမ်းထက်ကျော်လွန်တဲ့ နှစ်ရာချီ ထောင်ဒဏ်တွေ ချမှတ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။
2022-11-02
မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတာဟာ ဘာအကျိုးအမြတ်မှမရှိတဲ့ စစ်ရေးဗျူဟာအမှားတစ်ခုဖြစ်တယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက်အမျိုးသားစစ်တက္ကသိုလ်က မြန်မာ့အရေးနဲ့စစ်ရေးကျွမ်းကျင်သူပါမောက္ခ Zachary Abuzaက သုံးသပ်ပါတယ်။
2022-11-02
စစ်တပ်ထောက်ခံသူတွေ အကြီးအကျယ် ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ရွေးကောက်ပွဲသစ် ကျင်းပမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ အဲဒီရွေးကောက်ပွဲမှာ ပါဝင်လာမယ့် နိုင်ငံရေးပါတီတွေနဲ့ အခုကတည်းက ကြိုတင်ညှိနှိုင်းနေပါတယ်။
2022-11-02
မကွေးတိုင်း၊ မြိုင်မြို့နယ်က PDF တပ်ဖွဲ့ဝင်ငါးဦး နှိပ်စက်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
2022-11-02
နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်း ၂၁ လအတွင်း တိုက်ပွဲပေါင်း ၇,၇၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က အောက်တိုဘာလ ၁၉ ရက်နေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
2022-11-01
ဒီလိုချိုးဖောက်တာတွေကို ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်လို့ သတ်မှတ်ပြီး ဖောက်ဖျက်ကျူးလွန်တဲ့ နိုင်ငံတွေလည်း ကုန်သွယ်ရေးအရ ပိတ်ဆို့ခံရ ဒါမှမဟုတ် တခြားစီးပွားရေးအရ တုံ့ပြန်ဆောင်ရွက်ခံရပါတယ်။
2022-11-01
CDM မှာ အစောဆုံး ပါဝင်ခဲ့တဲ့ ဆရာဝန် ၅၅၇ ဦးကို ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်တဲ့အပြင် ဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ်ကို တစ်နှစ်တိတိ ရုပ်သိမ်းလိုက်တယ်လို့ CDM ဆရာဝန် အသိုက်အဝန်းက RFA ကို ပြောပါတယ်။
2022-11-01
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရသူ နှစ်ရာကျော်ရှိပြီး အဲဒီအထဲက တစ်ရာကျော်ကတော့ အခုအထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာ တချို့လည်း အမှုဖွင့်ခံထားရသလို အခုအချိန်ထိ သတင်းအစအနမရ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။