သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-13
၂ဝ၁၈ခုနှစ်အတွက် ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံအလိုက် ဖော်ပြအစီရင်ခံတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာကို မတ်လ ၁၃ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
2019-03-13
ရခိုင်ပြည်နယ်က တိုက်ပွဲတွေဟာ တခြားတိုင်းရင်းသားဒေသတွေနည်းတူ ပြည်ထောင်စု ငြိမ်းချမ်းရေးရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
2019-03-13
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးတဲ့ ၃၁ နှစ်မြောက် အခမ်းအနားကို အရင် RIT ကျောင်း၊ အခု ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2019-03-12
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကို လျှော့ချဖို့ဆွေးနွေးတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။
2019-03-12
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ၂ဝ၁၉ မတ်လ ၁၁ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို အစီရင်ခံစာတင်သွင်းခဲ့ပြီး မြန်မာ့အရေး ICC ကို လွှဲပြောင်းဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
2019-03-11
ရှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကို လာမယ့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံမတိုင်မီ ကျင်းပခွင့်ရဖို့ NCA စာချုပ်လက်မှတ်ထိုးထားတဲ့ RCSS အဖွဲ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ ၂၀၁၉၊ မတ် ၁၁ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ တောင်းဆိုလိုက်ပါတယ်။
2019-03-11
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေ က ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာဘက်ကို ပြန်မယ်ဆိုရင် တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၅၀၀၀ နဲ့ ၆၀၀၀ ကြားပေးမယ်လို့ ပြောဆိုခဲ့တယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာကြောင့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကို ဆက်သွယ်မေးမြန်းရာမှာ ငြင်းဆိုခဲ့ပြီး မြန်မာနိုင်ငံဘက်ကသာ ပေးမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
2019-03-11
အရပ်ဘက်၊ စစ်ဘက်နှစ်ဘက်လုံးက အကျင့်ပျက်လာဘ်စားမှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်မှ တိုင်းပြည် နလံပြန်ထူလာနိုင်မယ့်အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သုံးသပ်တင်ပြထားပါတယ်။
2019-03-11
၂ဝ၁၈ မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ပြင်ဆင်တဲ့ ဥပဒေအရ မြေအသုံးပြုမယ့် လူတွေလျှောက်ထားနိုင်တဲ့ ကာလသတ်မှတ်ချက် မတ်လ ၁၁ ရက်နေ့က ရက်စေ့သွားပါပြီ။
2019-03-11
မြေလွတ်မြေလပ်မြေရိုင်းတွေကို ၆ လအတွင်း လုပ်ပိုင်ခွင့်တွေ ပြန်လည်လျှောက်ထားရမယ်ဆိုတဲ့ မြေစီမံခန့်ခွဲမှု ဥပဒေသစ်အရ မတ်လ ၁၁ ရက် ဒီနေ့ဟာ လျှောက်ထားခွင့်ပြုတဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။
2019-03-11
ရခိုင်ပြည်နယ် မင်းပြား၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်အတွင်းက အင်အားအနည်းငယ် သာရှိတဲ့ ရဲကင်းစခန်းတွေဟာ တခြားစခန်းတွေနဲ့ သွားရောက်ပူးပေါင်းတာတွေ လုပ်ဆောင်လာ သလို နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းထန်လာပါတယ်။ ရဲကင်းစခန်းတွေ မရှိတော့တဲ့ ကျေးရွာတွေက ဒေသခံတွေဟာ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
2019-03-11
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ ရဲစခန်းကို ရက္ခိုင့်တပ်မတော် AA က ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-03-08
ရိုဟင်ဂျာပြဿနာဖြေရှင်းအတွက် တရုတ်အစိုးရရဲ့ အပျော့ဆွဲကုထုံးနဲ့၊ အနောက်နိုင်ငံတွေနဲ့ OIC အဖွဲ့တွေရဲ့ တရားစွဲမယ်ဆိုတဲ့ မတူညီတဲ့ ကုထုံးနှစ်မျိုးအကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သုံးသပ် တင်ပြထားပါတယ်။
2019-03-08
ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးဖြစ်ဖို့၊ တန်းတူညီမျှတဲ့ လူမှုအဖွဲ့အစည်းရရှိဖို့အတွက် “Balance for Better” ဆိုတဲ့ဆောင်ပုဒ်နဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်းမှာ ကျင်းပနေပါတယ်။
2019-03-08
KIA ကချင်လွတ်မြောက်ရေးအဖွဲ့အနေနဲ့ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးရင် ကချင် စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်တဲ့အခါ တစ်အိမ်ထောင်ကို တရုတ်ယွမ်ငွေ ၁ သိန်း ၂ သောင်း ကူညီမယ်လို့ တရုတ်အစိုးရက ကချင်ဘာသာရေးခေါင်းဆောင်တွေကို ပြောဆိုခဲ့ပါတယ်။