သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-08
မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆောင်ရွက်တဲ့အခါမှာ အဓိကထုတ်လုပ်ဖြန့်ဖြူးနေတဲ့အုပ်စုတွေကို နှိမ်နင်းဖို့ ICGနိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့က ထုတ်ပြန်တဲ့ “ရှမ်းပြည်နယ်က ပဋိပက္ခနဲ့ မူးယစ်ဆေးဝါး”အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။
2019-01-08
ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြည်ပတက္ကသိုလ်နှစ်ခုနဲ့ ချိတ်ဆက်ပြီး အစိုးရအရာရှိကြီးတွေကို လေ့ကျင့် သင်တန်းပေးနေတာတွေ ဇန်နဝါရီလ ၄ ရက်နေ့ကစပြီး ရပ်ဆိုင်းထားလိုက်ပြီလို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မနေ့က ပြောလိုက်ပါတယ်။
2019-01-08
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဆုံဆို့နာရောဂါ ကူးစက်မှုတွေ ပြန်လည်ဖြစ်ပွားနေပြီး၊ ရောဂါကြောင့် သေဆုံးသူတွေလည်း ရှိနေပါတယ်။
2019-01-08
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းမှာ နယ်ခြားစောင့်ရဲစခန်း ၄ ခု တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကို လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ဒီနေ့ ပြောလိုက်ပါတယ်။
2019-01-07
မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်မှာ ပြုလုပ်မယ့် စာပေဟောပြောပွဲမှာ ပါဝင်ဟောပြောပွဲမယ့် စာရေးဆရာထင်လင်းဦးကို မြစေတီကျောင်းဆရာတော် ဦးဆောင်ပြီး အမျိုးသားရေးလှုပ်ရှားတဲ့ ဆရာတော်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
2019-01-07
ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရဲကင်းစခန်း ၄ ခုကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက် ခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချမှုတွေ ရှိနေပါတယ်။
2019-01-07
မြန်မာ အမျိုးသမီးငယ်တွေ အန္တရာယ်များပြား ဖြားယောင်းသွေးဆောင်ခံရပြီး လူကုန်ကူးခံရတဲ့ ကမ္ဘာ့အန္တရာယ်အရှိဆုံး သုံးနိုင်ငံမှာ မြန်မာနိုင်ငံပါဝင်ပါတယ်။
2019-01-07
တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်ပေါက် အပိတ်ခံထားရတဲ့အတွက် တရုတ်ပြည်ကို တင်ပို့နေတဲ့ ဖရဲ နဲ့ သခွားမွှေးကုန်သည်တွေ နစ်နာဆုံးရှုံးနေတယ်လို့ သိရပါတယ်။
2019-01-07
သဘာဝပတ်ဝန်းကျင်ရေးရာသတင်းတွေ စုံစမ်းဖော်ထုတ်ရေးသားတဲ့ သတင်းသမားတွေ အသက်အန္တရာယ်ရှိနေပြီး ၂ဝ၁၆ ခုနှစ်မှာ မြန်မာသတင်းသမားတဦး အသတ်ခံခဲ့ရပါတယ်။
2019-01-05
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့အညီ နိုင်ငံတော်နဲ့ သင့်တော် တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က မနေ့က ကျရောက်တဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
2019-01-04
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ လွတ်လပ်ရေးရပြီး စစ်ပွဲတွေ အဆုံးသတ်နိုင်ဖို့ဆိုရင် မှားယွင်းနေတဲ့ အုပ်ချုပ်ရေး စနစ်ကို ပြင်ဖို့လိုအပ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောလိုက်ပါတယ်။
2019-01-04
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်ရဲစခန်း လေးခုကို ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့က ဒီနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
2019-01-03
မနက်ဖြန် ဇန်နဝါရီလ ၄ ၇က်နေ့ဟာ မြန်မာနိုင်ငံရဲ့ ၇၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။
2019-01-03
ထွေ/အုပ်လို့ခေါ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက် ပြောင်းရွှေ့လိုက်ပြီးနောက် ထွေ/အုပ် ညွှန်ကြားရေးမှူးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ကို အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် သမ္မတရုံးက ခန့်အပ်လိုက်ပါတယ်။
2019-01-03
မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြားအာမခံကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုတော့မယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့က ကြေညာလိုက်ပါတယ်။