ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရဲ့အစိုးရအရာရှိကြီးတွေကို သင်တန်းပေးခြင်းကိုရပ်ဆိုင်း


2019.01.08
yarhtoowun-622 ပြည်ထောင်စုရာထူးဝန်အဖွဲရုံး
(Photo:Union Civil Service Board Myanmar/FB)

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြည်ပတက္ကသိုလ်နှစ်ခုနဲ့ ချိတ်ဆက်ပြီး အစိုးရအရာရှိကြီးတွေကို လေ့ကျင့် သင်တန်းပေးနေတာတွေ ဇန်နဝါရီလ ၄ ရက်နေ့ကစပြီး ရပ်ဆိုင်းထားလိုက်ပြီလို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မနေ့က ပြောလိုက်ပါတယ်။

ဒါပေမယ့် ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဝန်ကြီးဒေါက်တာဝင်းသိမ်းရဲ့ ဒေါက်တာဘွဲ့ကိစ္စ၊ ရာထူးဝန်အဖွဲ့နဲ့ ပြည်ပတက္ကသိုလ်တွေကြား အကျိုးစီးပွားပဋိပက္ခ ရှိနိုင်ခြေတွေနဲ့ ဘတ်ဂျက် လေးဆ တိုးတောင်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။

RFA သတင်းထောက် ကိုထက်အာကာ တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။