သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-16
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ရှေ့ဆုံးကနေရင်ဆိုင်ပြီး စောင့်ရှောက်ကုသပေးနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ အချိန်မရွေး ရောဂါပိုးကူးစက်နိုင်သူတွေ ဖြစ်လာပါတယ်။
2020-04-15
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူချင်းတူပေမယ့် အမျိုးသမီးတွေထက် အမျိုးသားတွေက ပိုလို့ သေဆုံးတာကို သုတေသီတွေ ဆန်းစစ်တွေ့ရှိရပြီး ဒါဟာ အမျိုးသမီးတွေရဲ့ ကိုယ်ခံအားကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
2020-04-13
ကမ္ဘာပေါ်မှာ စစ်ပွဲတွေနဲ့ သဘာဝဘေးအန္တရာယ်တွေအပြင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြီးကြောင့် လူတွေအချိန်မတိုင်ခင်သေဆုံးရပြီး၊ လူဦးရေ လျော့နည်းသွားပါတယ်။ တပြိုင်နက်တည်းမှာပဲ မွေးဖွားနှုန်းလည်း တက်နေတဲ့အတွက် ကမ္ဘာ့လူဦးရေတိုးနေပါတယ်။
2020-04-12
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူ ၄၁ ယောက်အထိရောက်သွားပြီး၊ အဲဒီထဲက လူနာ အမှတ် ၃၉ က မနေ့ကသေဆုံးသွားပါတယ်။
2020-04-12
ချင်းပြည်နယ် အစိုးရအဖွဲ့က ကောက်ယူထားတဲ့စာရင်းတွေအရ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ လယ်ပိုင်းကနေ မနေ့ကအထိ တပ်မတော်နဲ့ AA တို့ကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးသူ ၂၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၆ ဦးအထိ ရှိလာနေပါတယ်။
2020-04-12
မြန်မာနိုင်ငံအနှံ့မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အပြင်မထွက်ပဲနေနိုင်ဖို့ အခြေခံလူတန်းစားတွေကို ဆန်၊ ဆီ၊ ဆား အခမဲ့ဝေနေချိန်မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က စစ်ပြေးဒုက္ခသည်တွေမှာတော့ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေပါတယ်။
2020-04-12
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေတဲ့သူ ၃၈ ယောက်ဖြစ်သွားပြီး တစ်ကမ္ဘာလုံးမှာတော့ ကူးစက်ခံရတဲ့သူ ၁၇ သိန်းကျော်၊ သေဆုံးတဲ့သူ ၁ သိန်းကျော်သွားပါပြီ။
2020-04-12
သတင်းဌာန လုပ်ငန်းခွင်ဆိုတာ ပိတ်ရက်မရှိ နေ့စဉ်ရက်ဆက် ပြည်သူတွေအတွက် သတင်းတွေ ပေးပို့တင်ဆက်နေရတဲ့ သဘောသဘာဝရှိပါတယ်။
2020-04-10
ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်းအဖြစ် ကြေညာပြီး သတင်းသမားတွေ အရေးယူခံရပြီးနောက် ရခိုင်ဒေသတွင်း စစ်ရေးပဋိပက္ခ သတင်းတွေ ရေးသားဖော်ပြဖို့ ခက်ခဲလာပါတယ်။
2020-04-10
နှစ်သစ်ကူး သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထည့်သွင်းစဉ်းစားနိုင်ဖို့ လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမည်စာရင်းကို နိုင်ငံတော်သမ္မတရုံးထံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ပေးပို့ထားပါတယ်။
2020-04-07
မြန်မာနဲ့ အာရှ ပြည်သူတချို့က တောရိုင်းတိရစ္ဆာန်ဈေးကွက်ပိတ်ဖို့ တောင်းဆိုနေကြတဲ့အကြောင်း ဖော်ပြထားတဲ့ စစ်တမ်းကောက်ယူမှု ရလဒ်ကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ WWF က ဒီနေ့ ဧပြီ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
2020-04-06
အမေရိကန်ပြည်ထောင်စုမှာ နောက်သီတင်းပတ်တွေချီပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေဦးမယ်လို့ ပညာရှင်တွေ ခန့်မှန်းထားပြီး မေလလယ်လောက်မှာ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ လူ ကိုးသိန်းလောက် ကူးစက်ခံရလိမ့်မယ်လို့ သတိပေးပါတယ်။
2020-04-05
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ နန်းယွန်းမြို့နယ်မှာ ကျန်းမာရေးဝန်ထမ်းသုံးပစ္စည်း မလုံလောက်တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာရင် ထိန်းချုပ်လို့မရတဲ့ အခြေအနေ ဖြစ်လာမှာကို ဒေသခံတချို့က စိုးရိမ်နေကြပါတယ်။
2020-04-03
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ သတင်းထုတ်ပြန်ချက် အားနည်းနေပြီး ဆေးဝါးကုသနည်းတွေနဲ့ ပတ်သက်တဲ့ မမှန်မကန်သတင်းတွေကိုလည်း ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေထိုင်နေတဲ့ ဆေးပညာရှင် ဒေါက်တာတင့်ဆွေက ပြောပါတယ်။
2020-04-03
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတဲ့ လူဦးရေ တနေ့တခြား တိုးလာနေပါတယ်။ ဒီလိုတိုးလာတာနဲ့ အတူ အိမ်ထဲမှာပဲနေကြဖို့ ညွှန်ကြားချက် တွေကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း ထိခိုက်လာပါတယ်။