သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-27
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပြီးနောက် နှစ်ဖက်အပစ်ရပ်တာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တစ်လပြည့်ခဲ့ပါပြီ။
2022-12-26
၂၀၂၂ တစ်နှစ်လုံးကို ခြုံကြည့်မယ်ဆိုရင် အလုပ်သမားတွေဟာ ဥပဒေရဲ့အကာအကွယ်မရတော့ဘဲ အလုပ်သမားအခွင့်အရေးတွေ ပြောင်ပြောင်တင်းတင်းချိုးဖောက်ခံခဲ့ရပြီး ဒါကအလုပ်သမားတွေ အတွက် အဆိုးဆုံး ပြဿနာရပ်ဖြစ်တယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေနဲ့ ကာယကံရှင် အလုပ်သမားတွေက တစ်ညီတစ်ညွတ်တည်း ပြောပါတယ်။
2022-12-26
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီးရွာက အရပ်သား ရှစ်ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၇ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သူတို့ရဲ့ရုပ်အလောင်းတွေကို ဒီဇင်ဘာလ ၂၅ ရက် မနေ့က ခရစ္စမတ်နေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-12-25
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမြင်သဘောထားမတူ ကွဲပြားခြားနားနေခြင်းမှာ စစ်ကောင်စီရဲ့သပ်လျှိုမှုဟာ အခရာကျတယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဒါဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားတွေ သွေးစည်းသွားမှာကို ဟန့်တားနိုင်ဖို့လို့ ဆိုပါတယ်။
2022-12-24
အခုနှစ် မြန်မာနိုင်ငံမှာ ပြည်သူ ၁၅ သန်းနီးပါး စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကြုံနေရပြီး၊ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်နေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2022-12-23
ဝါရှင်တန်ဒီစီ အမျိုးသားစစ်တက္ကသိုလ်က မြန်မာ့အရေးနဲ့ အရှေ့တောင်အာရှရေးရာ လေ့လာသုံးသပ်သူ ပါမောက္ခ Zachary Abuza က ထိုင်းနိုင်ငံက ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ မြန်မာစစ်ကောင်စီထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး အာဆီယံကချမှတ်ထားတဲ့ မူဝါဒကို ဆန့်ကျင်ရာရောက်နေတယ်လို့ သုံးသပ်ပါတယ်။
2022-12-23
တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့တွေပါဝင်တဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၁၆ ဖွဲ့ကလည်း မြန်မာစစ်ခေါင်းဆောင်တွေကို ICC ကနေ အရေးယူနိုင်အောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂလူအခွင့်အရေးကောင်စီထံ ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်နေ့က စာရေးတောင်းဆိုခဲ့ပါတယ်။
2022-12-23
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနားမှာ မနှစ်က ခရစ္စမတ်အကြိုနေ့က လူ ၅၀ နီးပါး အစုအလိုက်အပြုံအလိုက် သတ်ဖြတ်ခံရတာ တစ်နှစ်ပြည့်ပါပြီ။
2022-12-22
လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ အားနည်းချက်တွေအများကြီးရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသလို တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးက နီးစပ်လာတယ်ဆိုတဲ့ မျှော်လင့်မှုတချို့လည်း ရှိလာပါတယ်။
2022-12-22
ရန်ကုန်မြို့က Myanmar Press Photo Agency သတင်းထောက်တွေဖြစ်တဲ့ ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်း အပါအဝင် လူငယ်ကိုးဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဒီဇင်ဘာလ ၂၁ ရက် မနေ့က ထောင်ဒဏ်သုံးနှစ်စီချ မှတ်လိုက်ပါတယ်။
2022-12-22
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုမှာ ရိုဟင်ဂျာတွေ ရွှေ့ပြောင်းအခြေချနေထိုင်နိုင်မယ့် အစီအစဉ်ကို စတင်လိုက်ပြီလို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၄ ရက်နေ့က ကြေညာပါတယ်။
2022-12-22
ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် စစ်ကောင်စီက သူ့ကို ထောင်ဒဏ် ၁၇၃ နှစ်ကျခံဖို့ အမိန့်ချထားတာပါ။ တကယ်တော့ အသားညိုညို ခန္ဓာကိုယ်ပိန်ပိန်ပါးပါး နဲ့ ဦးဝင်းမြင့်လှိုင်က သူယုံကြည်တဲ့ ဒီမိုကရေစီအတွက် မျိုးဆက်နဲ့ချီပြီး တိုက်ပွဲဝင်ခဲ့သူပါ။
2022-12-21
မြန်မာစစ်တပ်ဟာ ဒီဇင်ဘာ ၁၅ ရက် လေတပ် ၇၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ ရုရှား၊ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံကနေ ဝယ်ယူထားတဲ့ ခေတ်မီတိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်အသစ်တွေကို ထုတ်ပြခဲ့ပါတယ်။
2022-12-20
စစ်တပ်အာဏာသိမ်းခံနေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ထိုင်းအစိုးရကြားဆက်ဆံရေးဟာ အပြောင်းအလဲမရှိဘဲ ထိုင်းအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကြမ်းကြုတ်တဲ့ရက်စက်မှုတွေကို မျက်နှာလွှဲထားဆဲဖြစ်ကြောင်း နိုင်ငံတကာသုံးသပ်သူတချို့က ဆိုပါတယ်။
2022-12-20
ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ထိန်းချုပ်ရာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိုင်းပေါက်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုမှာ မြန်မာနိုင်ငံသား ၁၉ ဦး ရောင်းစားခံထားရတယ်လို့ ကာယကံရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။