သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-23
လာမယ့် ၂၀၁၅ ဖေဖဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ အစိုးရနဲ့တိုင်းရင်းသားနက်လက်ကိုင် အဖွဲ့အစည်းတွေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ်စားလှယ်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
2014-12-23
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေက ဆည်တည်းရွာမှာ ဒီနေ့မနက်က ခြံစည်းရိုးခတ်တဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်အကြား ပဋိပက္ခဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ ညနေပိုင်းက တုံရွာဖက်မှာလည်း ခြံစည်းရိုးတွေ ခတ်ခဲ့ပါတယ်။
2014-12-23
တိုင်းရင်းသားပါတီတွေနဲ့ ဖဲ့ွစည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖဲ့ွ UNA ရဲ့ ညီလာခံကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသေက်ဆိုင်မှာ ဒီကနေ့ကနေ မနက်ဖြန်အထိ ၂ ရက် ကြာကျင်းပနေပါတယ်။
2014-12-23
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး ဆိုင်ရာ ပစ်ခတ်မှု ရပ်စဲရေးညှိနှိုင်းရေးအဖဲ့ွ NCCT တို့ဟာ ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးနေကြပါတယ်။
2014-12-21
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ အတွက် ပြည်ထောင်စုလွှတ်တော်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို အတည်ပြုထားပြီးဖြစ် ပါတယ်။ အဲ့ဒီဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။
2014-12-21
လာမယ့်နှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲကို မနေ့က ရန်ကုန်မြို့ ပြည်သူ့ ဥယျာဉ်မှာ ကျင်းပခဲ့ပါတယ်။
2014-12-20
မဲခေါင်ဒေသနိုင်ငံတွေအတွက် တရုတ်နိုင်ငံက ကူညီမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး RFA အဖွဲ့သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
2014-12-20
ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ ဆားတွေဟာ အရင်က ဘင်္ဂလားဒေ့ရ်ှဈေးကွက်မှာ အခိုင်အမာနေရာ ရရှိခဲ့ ပေမယ့် အခုအချိန်မှာ ရခိုင်နေလှန်းဆားဈေးကွက်ပျောက်ကွယ်ခဲ့တာ အချိန် ၃ နှစ်လောက်အထိ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ဆားဈေးကွက်ကို ပြန်လည်ထူထောင်နိုင်ဖို့ ဆားတောင်သူတွေ ကြိုးပမ်းနေကြပါတယ်။
2014-12-20
ကချင်ပြည်နယ် မိုးညှင်းမြို့က လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးပြဿနာ ကြီးထွားနေပြီး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုကို အာဏာပိုင်တွေ ထိထိရောက်ရောက် အရေးယူပေးဖို့ ဒေသခံ ၂ဝဝ ကျော်က ဒီနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2014-12-19
ကွန်လွန်သွားပြီဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်း နယ်လဆင်မန်ဒဲလား ဦးဆောင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက သမ္မတဟောင်းတွေ၊ ဝန်ကြီးချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ The Elders လို့ခေါ်တဲ့ ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ဟာ မနေ့ညက သူတို့ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2014-12-19
ပြည်ထောင်စုအစိုးရက ဖွဲ့စည်းထားတဲ့ မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီက ကာကွယ်ရေးဝန်ကြီးဌာန၊ အစိုးရဝန်ကြီးဌာနတွေ၊ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေက သိမ်းဆည်းထားတဲ့ လယ်ဧက ၃သိန်းကျော်ကို မူလပိုင်ရှင်တွေထံ ပြန်လည် ပေးအပ်သွားမှာဖြစ်တယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2014-12-19
ထိုင်းနိုင်ငံတောင်းပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ခဲ့တယ်ဆိုပြီး အဖမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးအမှုနဲ့ ပတ်သက်ပြီး မြန်မာသံရုံးက ဖွဲ့စည်းပေးထားတဲ့ အထူးစုံစမ်းရေးကော်မတီက ရန်ကုန်မြို့ Orchid Hotel မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2014-12-19
ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပြည်တွင်းမှာ ပြန်လည် အခြေချနေထိုင်ရေးမှာ အကန့်အသတ်တွေ အဟန့်အတားတွေ ရှိနေသေးတယ်လို့ အရင်က ပြည်ပမှာ အခြေစိုက်တဲ့ အဖွဲ့အစည်း ၃ ခုက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2014-12-18
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ ကြုံတွေ့နေတဲ့ ပြဿနာတွေကို ဆွေးနွေးအဖြေရှာဖို့ ကြိုးပမ်းရာမှာ ဘယ်နှစ်ဦး၊ ဘယ်နှစ်ပွင့် ပါဝင်တွေ့ဆုံသင့်သလဲဆိုတဲ့ ထပ်မံပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကြပ် အတည်းပြဿနာ တစ်ခုအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2014-12-17
လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲအပေါ် မြန်မာနိုင်ငံသားတွေ ဘယ်လိုရှုမြင်ကြသလဲဆိုတဲ့ သုတေသနသုံးသပ်ချက် စာတမ်းတစ်စောင်ကို အာရှဖောင်ဒေးရှင်း Asia Foundation က ထုတ်ပြန်လိုက်ပါတယ်။