ကြေးနီစီမံကိန်းနယ်မြေ ခြံစည်းရိုးခတ်လို့ ပဋိပက္ခဖြစ်တဲ့အကြောင်း တင်ပြချက်
2014.12.23
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေက ဆည်တည်းရွာမှာ ဒီနေ့မနက်က ခြံစည်းရိုးခတ်တဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်အကြား ပဋိပက္ခဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ ညနေပိုင်းက တုံရွာဖက်မှာလည်း ခြံစည်းရိုးတွေ ခတ်ခဲ့ပါတယ်။
လက်ပံတောင်းတောင်ဒေသ ဒီနေ့ အခြေအေနကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။