သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-22
တိုင်းရင်းသားတွေတောင်းဆိုကြတဲ့ ဗဟိုချုပ်ကိုင်မှု လျော့ကျစေရေး၊ ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့အတွက် ပြည်နယ်အဆင့်အပြင် ပြည်ထောင်စု အဆင့်လွှတ်တော်တွေမှာပါ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ အများစု ပါဝင်နိုင်ဖို့ လိုအပ်နေပါတယ်။
2020-05-21
မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတချို့ဟာ စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်လို့ မရအောင် အကာအကွယ်ပေးထားတဲ့အတွက် ပြင်ဆင်ပြောင်းလဲဖို့လိုတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စ ယန်ဟီးလီက အွန်လိုင်းက ကျင်းပတဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ပြောလိုက်ပါတယ်။
2020-05-21
မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာတွေဟာ ပြည်ပကနေ ဒီရက်ပိုင်းအတွင်း ပြန်လည် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ပြည်ပက ပြန်လာသူ အားလုံးကို အသွားအလာစောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
2020-05-21
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်း နေရာရွှေ့ပြောင်းဖို့၊ အရေးပေါ်ရန်ပုံငွေကနေ ငွေကျပ်သန်းပေါင်း ၂၀၀၀ ကျော် အသုံးပြုသွားမယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က ပြောပါတယ်။
2020-05-21
ရခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက တပ်မတော်ကို တိုက်ခိုက်ရာမှာအရပ်ဝတ် ဝတ်ဆင်ထားတယ်လို့ တပ်မတော်ဘက်က စွပ်စွဲထားပြီး ဒေသခံအများအပြား AA တပ်ဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီး စစ်ဆေးခံနေရပါတယ်။
2020-05-21
အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ဝင်ရောက်တိုက်ခတ် ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ တဲတွေပြိုတာ၊ ရေကြီး၊ မြေပြို တာတွေရှိခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2020-05-20
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေ ရပ်တည်နိုင်ဖို့အတွက် အစိုးရက ချေးငွေတွေ ချထားပေးရာမှာ လျှောက်ထားသလောက် မရတဲ့အတွက် အဆင်မပြေတဲ့လုပ်ငန်းတွေ ရှိနေပါတယ်။
2020-05-19
မူလတန်းကျောင်းတွေဖွင့်မယ်လို့ ပညာရေးဝန်ကြီးဌာနက စီစဉ်ထားပေမဲ့ ဆရာမနဲ့ ကျောင်းသားမိဘတွေရဲ့ တောင်းဆိုချက်ကြောင့် မူလတန်းတွေအစား အလယ်တန်း၊ အထက်တန်းကျောင်းတွေကို အရင်ဖွင့်ဖို့ စဉ်းစားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2020-05-19
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် လူထုထောက်ခံမှု မြင့်တက်နေသလို ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
2020-05-19
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေ့လာတဲ့အချိန်ကစလို့ အလုပ်အကိုင် အခက်ကြုံရပြီး စားဝတ်နေရေး ကြပ်တည်းလာတဲ့ ပြည်သူတွေ များလာသလို အလှူရှင်တွေကိုသာ မှီခိုအားထားနေရတဲ့ သီလရှင်ကျောင်း တိုက်တွေလည်း ဒီအခြေအနေမှာ ဆွမ်းအခက်အခဲ ကြုံနေရပါတယ်။
2020-05-18
မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေဟာ နေရာအတည်တကျမရှိဘဲ ရွှေ့ပြောင်းထုတ်လုပ် နေသလို လမ်းကြောင်း အမျိုးအမျိုးကနေ သယ်ဆောင်ရောင်းဝယ်နေတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကာလ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချမှုတွေ ရပ်တန့်မသွားဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မူးယစ်ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေးလုပ် ဆောင်နေသူတွေက ပြောပါတယ်။
2020-05-18
မြန်မာနိုင်ငံမှာ မနေ့ည ၈ နာရီထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နှစ်ဦး ထပ်တွေ့ရတဲ့ အတွက် အတည်ပြုလူနာ ၁၈၄ ယောက်ရှိပါတယ်။ မွန်းတည့်ချိန်ထိ စောင့်ကြည့်လူနာ အသစ် ၇၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။ မလေးရှားနိုင်ငံက ပြန်လာ သူတွေထဲက ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦး ထပ်မံတွေ့ရှိရကြောင်း ဒီနေ့မနက်က ထုတ်ပြန်တာကြောင့် ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၁၈၇ ဦးရှိသွားပြီဖြစ်ပါတယ်။
2020-05-17
RFA သတင်းဌာနမှ ထိုင်းနိုင်ငံအခြေစိုက် ဝါရင့်သတင်းထောက် တစ်ဦးဖြစ်တဲ့ ဦးအောင်မိုးမြင် ၄၉ နှစ်ဟာ မေလ ၁၆ရက်နေ့ က အသဲကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ကွယ်လွန်သွားပါတယ်။
2020-05-15
ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး စတဲ့ ကဏ္ဍအသီးသီးမှာ ကြီးမားတဲ့ ရိုက်ခတ်မှုတွေရှိနေပေမဲ့ - မူးယစ်ဆေးဝါး ထုတ်လုပ်မှုအပိုင်းမှာ တော့ အားကောင်းနေဆဲပဲလို့ UNODC က ပြောလိုက်ပါတယ်။
2020-05-15
ရှမ်းပြည်မြောက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ရင်ဆိုင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးတွေ့လူနာတွေရှိခဲ့လို့ ကျောက်မဲ၊ လားရှိုးနဲ့ မူဆယ် ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ ကုသပေးခဲ့ကြရပါတယ်။