တည်ဆဲဥပဒေအချို့ ပြင်ဆင်ဖို့ ကုလကိုယ်စားလှယ်ဟောင်း တိုက်တွန်း
ရဲခေါင်မြင့်မောင်
2020.05.21
2020.05.21
ပြီးခဲ့တဲ့ မေလ ၂၀ရက်က နယူးယောက်မြို့ အခြေစိုက် Global Justice Center က ဦးစီးပြီး၊ ICJ တရားရုံးရဲ့ provisional measures ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာမှုရှိရဲ့လားဆိုတဲ့ ခေါင်းစဉ်နဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စ ယန်ဟီးလီ၊ ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်ဟောင်း လယ်တီတီရာ ဗန်ဒန် အန်ဆန်မ် နဲ့ ရိုဟင်ဂျာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မဝေဝေနုတို့က ပါ၀င်ဆွေးနွေးခဲ့ကြပါတယ်။
ကိုရိုနာကပ်ရောဂါ ဖြစ်ပွားနေတဲ့ အတောအတွင်းမှာတောင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး၊ အရပ်သားတွေ ထိခိုက်သေကျေမှု တွေ ဆက်ဖြစ်နေပါတယ်။၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေ ကြုံတွေ့ခဲ့ရတဲ့ အလားတူ ဖြစ်ရပ်တွေကို ရခိုင်နဲ့ အခြားတိုင်းရင်းသားလူနည်းစုတွေ ကြုံတွေ့လာရပါတယ်။ မြန်မာ စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ အရပ်သားတွေ သေဆုံးမှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု တွေ ကျူးလွန်တာကို ရပ်တန့်ဖို့နဲ့ အထောက်အထားတွေ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ ဆိုတဲ့ ICJ တရားရုံးရဲ့ ကြားဖြတ် ဆုံးဖြတ်ချက်ပါ အမိန့်တွေကို ချိုးဖောက်ရာ ရောက်ပါတယ် လို့ မစ္စယန်ဟီးလီက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ICJ က ချမှတ်ထားတဲ့ အမိန့်တွေကို လိုက်နာကြောင်း ပြသနိုင်ဖို့အတွက် ဘယ်လို ဆောင်ရွက်ချက်တွေ လုပ်ဆောင်ပြဖို့ လိုသလဲဆိုတာကိုလည်း မစ္စယန်ဟီးလီက ခုလို ပြောသွားပါတယ်။
"မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ မဖြစ်ဖို့ ကတိပြုထားတဲ့ Genocide Convention မှာ ပါ၀င် လက်မှတ်ရေးထိုး ထားပေမယ့်၊ ဒီအထဲက စည်းကမ်းချက်တွေကို ပြည်တွင်းမှာ ဥပဒေအဖြစ် ပြဒါန်းထားတာ မရှိပါဘူး။ ပထမဦးဆုံး ကိုဖီအာနန် မစ်ရှင် မှာပါတဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ရိုဟင်ဂျာတွေ နေရပ်ကို လုံခြံုစွာ ပြန်လာနိုင်တဲ့ အခြေအနေ ဖန်တီးပေးဖို့လိုပါတယ်။ ၁၉၅၉ ခုနှစ် ကာကွယ်ရေး ဥပဒေ အရ (Defense service act) အရ စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်လို့မရအောင် အကာအကွယ်ပေးထားပြီး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က ကျူးလွန်တဲ့ ပြစ်မှုအားလုံးကို စစ်ခုံရုံးကပဲ စစ်ဆေးစီရင်ဖို့ သတ်မှတ်ထားပါတယ်။
ဒါကြောင့်မို့ စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရပ်ဘက် ခုံရုံးမှာ စစ်ဆေးစီရင်နိုင်အောင် Defense service act ကို ပြင်ဆင်ဖို့၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု နဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ မဖြစ်အောင် အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းဖို့၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ သူအားလုံးအတွက် ပြစ်ဒဏ်ပေးခြင်း၊ လျှော်ကြေးပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်း နဲ့ နောက်တကြိမ် ထပ်မဖြစ်အောင် အာမခံချက်ပေးခြင်း စတာတွေ လုပ်ဆောင်ပေးဖို့ တရားစီရင်ရေး စနစ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုပါတယ်။"
ဒါ့အပြင် အစိုးရအဖွဲ့ တစ်ခုလုံးနဲ့ ကာကွယ်ရေးတပ်ဖွဲ့အားလုံးကို အရပ်သား အစိုးရလက်အောက်မှာ ထားရှိဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့၊ မြန်မာနိုင်ငံ မြေယာ ဥပဒေ၊ နိုင်ငံသား ဥပဒေ နဲ့ မီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ စုဝေးခွင့် ကိုးကွယ်ယုံကြည်ခွင့် စတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ ဥပဒေတွေ အားလုံးကိုကို ပြင်ဆင်ပြောင်လဲပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေကို စနစ်တကျ ဖိနှိပ်ထားတဲ့ ဥပဒေ၊ မူဝါဒ နဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ပြီး၊ နိုင်ငံသားဖြစ်ခွင့်ပေးခြင်းအားဖြင့် သူတို့ရဲ့ ရပိုင်ခွင့်အားလုံးကို ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်လို့ မစ္စယန်ဟီးလီက ပြောပါတယ်။
ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးဖြစ်တဲ့ မဝေဝေနုကလည်း ရိုဟင်ဂျာတွေအတွက် မြေပြင်ပေါ်က အခြေအနေတွေ တိုးတက်မှု မရှိတဲ့အကြောင်း ခုလို ပြောပါတယ်။
"အခုဆိုရင် ကမ္ဘာ့အဆင့် တရားရုံးဖြစ်တဲ့ ICJ တရားရုံးကနေ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့နဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာတွေ ရပ်တန့်ဖို့ အမိန့်ချမှတ်ခဲ့တာ ၅လကြာသွားပါပြီ။ ဒါပေမယ့် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ ရှစ်သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးစေခဲ့တဲ့ လုပ်ရပ်တွေဥပဒေနဲ့ မူဝါဒတွေကို ပြင်ဆင်ဖို့ ထိရောက်တဲ့ အပြောင်းအလဲ မတွေ့ရသေးပါဘူး။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ဆိုင်ကလုန်း မုန်တိုင်းလို ထပ်ဆင့် ဘေးအန္တရယ်တွေ ပေါ်ပေါက်လာနေပေမယ့် ဘေးကင်းလုံခြုံစွာနဲ့ နေရပ်ပြန်နိုင်တဲ့ အခြေအနေ မရှိပဲ၊ ပင်လယ်ထဲကိုပဲ မောင်းထုတ်ခံနေရပါတယ်။
မြန်မာအစိုးရက အစိုးရ တာဝန်ရှိသူတွေကို ဂျီနိုဆိုက် ကွန်ဗင်းရှင်းပါ သတ်မှတ်ချက်တွေကို လိုက်နာဖို့နဲ့ အရပ်သား ပြည်သူတွေ အနေနဲ့ အမုန်းစကား ဖြန့်ချီတာတွေ မလုပ်ကြဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် ပွင့်လင်းမြင်သာမှု မရှိပဲ၊ မြေပြင်က ရိုဟင်ဂျာတွေအတွက် ထိရောက်တဲ့ အပြောင်းအလဲဖြစ်မလာသေးပါဘူး။ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အကျဉ်းထောင်လို ဒုက္ခသည် စခန်းတွေမှာ အကူအညီပေးရေး အဖွဲ့တွေ့ ပေးတဲ့ အကူအညီတွေကို မှီခိုပြီး ဆက်လက်နေထိုင်နေရပါတယ်။ အစိုးရဟာ အကူအညီပေးရေးအဖွဲ့တွေကို ဒုက္ခသည် စခန်းတွေထဲ ၀င်ရောက်ခွင့် ကန့်သတ်ထားပြီး၊ ရိုဟင်ဂျာတွေကို နေရပ်ပြန်နိုင်ဖို့ လုပ်မပေးတဲ့အပြင်၊ ရှိပြီးသား ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းပြီး၊ ဒုက္ခသည် စခန်းတွေရဲ့ အနီးမှာပဲ ရာသက်ပန် အခြေချနေထိုင်ခိုင်းဖို့ လုပ်နေပါတယ်။ ဒါတွေဟာ ရှိပြီးသား ပြဿနာတွေနဲ့ ခွဲခြား ထားမှုတွေကို ပိုပြီး ကြီးထွားလာစေမှာဖြစ်ပါတယ်။ ကျွန်မတို့ ရိုဟင်ဂျာတွေဟာ အခြား နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံက လူမျိုးတွေလိုပဲ လွတ်လပ်စွာ သွားလာခွင့်နဲ့ ရပိုင်ခွင့်တွေ ရခွင့်ရှိသင့်ပါတယ်။
ရိုဟင်ဂျာ လူငယ်တွေ ရဲ့ အနာဂတ်နဲ့ ပညာသင်ကြားခွင့်တွေဟာ လည်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှုရဲ့ တစ်စိတ်တစ်ပိုင်းလို့တောင်ပြောလို့ ရမယ့် NVC ကဒ် ထုတ်ပေးတဲ့ အပေါ်မှာ မူတည်နေပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အစိုးရက လုပ်နေတဲ့ ဒီလို အစီအစဉ်တွေဟာ ရှိပြီးသား ခွဲခြား ဆက်ဆံမှုတွေကို ပိုဆိုးစေသလားဆိုတာကို သိဖို့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အသံကို နားထောင်ပြီးမှသာ လက်ခံသင့်ပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ကိုဖီအာနန် ကော်မရှင် အဖွဲ့ဝင်ဟောင်း လယ်တီတီရာ ဗန်ဒန် အန်ဆန်မ် ကလည်း လွတ်လပ်စွာ မြန်မာအစိုးရဟာ ICJ တရားရုံး ရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာကြောင်း ပြသဖို့ ကြိုးစားတဲ့ လုပ်ရပ်အချို့ ရှိခဲ့ပေမယ့် နိုင်ငံတကာရဲ့ ယုံကြည်မှုကို ရဖို့ လိုအပ်နေသေးကြေင်း၊ ရိုဟင်ဂျာတွေကို လွတ်လပ်စွာ သွားလာခွင့်ကန့်သတ်ထားတာကို အဆင့်အလိုက် ရုတ်သိမ်းပေးသွားဖို့ ကော်မရှင်က အကြံပြုထားတဲ့ အကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှု မမြောက်ပေမယ့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကိုလည်း အလားတူ အလေးအနက်ထားဆောင်ရွက်သွားဖို့ စတဲ့အချက်တွေကို ပါ၀င်ဆွေးနွေးသွားခဲ့ပါတယ်။