သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-19
ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ အရေ အတွက် ပိုများလာနေပြီး တဘက်မှာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်လာကြရပါတယ်။ ဒီလိုအခက်အခဲတွေကြောင့် အခုသီတင်းပတ်အတွင်း စစ်တွေမြို့ကို ဦးတည်ထွက်ပြေးလာကြသူ အရေအတွက်ဟာလည်း များလာနေပါတယ်။
2020-03-18
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများမှာ ထိန်းချုပ်ဖို့ ကြိုးပမ်းလာနေပါတယ်။
2020-03-18
ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပျံ့နှံ့နေပေမယ့် မြန်မာနိုင်ငံမှာတော့ မတွေ့ရသေးပါဘူး။ ဒေသတွင်းနိုင်ငံတွေမှာတော့ ဒီရောဂါထိန်းချုပ်ရေးအတွက် အသည်းအသန်ကြိုးပမ်းနေကြပါတယ်။
2020-03-17
ရန်ကုန်မြို့မှာ လူဦးရေ နှစ်သန်းကျော်ဟာ အများသုံးယာဉ် ဘတ်စ်ကားတွေစီးပြီး ရုံးတက် ရုံးဆင်း အလုပ်သွားအလုပ်လာ လုပ်ကြပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ် တကမ္ဘာလုံးကို ပျံ့နှံ့နေတဲ့ကာလမှာ အဲဒီ အများသုံးဘတ်စ်ကားတွေကို စီးဖို့ စိုးရိမ်စိတ်တွေ ရှိနေကြပါတယ်။
2020-03-17
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ တနေ့တခြား ကူးစက်ပြန့်ပွားမှုနှုန်း မြင့်လာနေ တာကြောင့် ကမ္ဘာနဲ့အဝှမ်းကပြည်သူတွေ စိုးရိမ်ပူပန်မှုတွေမြင့်လာနေကြပြီး ကြိုတင်ကာကွယ်မှုတွေကိုလဲ အစောတလျင် လုပ်ဆောင်နေကြပါတယ်။
2020-03-17
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်နေချိန်မှာ နေ့တိုင်းသုံးနေတဲ့ လက်ကိုင်ဖုန်းတွေကို သန့်ရှင်းရေးလုပ်ဖို့ မေ့နေကြတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုက Verizon ဖုန်းလိုင်းဝန်ဆောင်မှု ကုမ္ပဏီက သတိပေးလိုက်ပါတယ်။
2020-03-17
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရေး အင်အားကြီး ပါတီတွေက ပြင်ဆင်နေသလို ပြည်နယ်တွေမှာရှိတဲ့ သက်ဆိုင်ရာ ဒေသအခြေစိုက် ပါတီတွေကလည်း လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကြိုးစားနေပါတယ်။
2020-03-16
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီရန်နိုင်ငံမှာ လူတစ်ရာကျော် မနေ့က ထပ်သေဆုံးရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူ ၆၀ ကျော်သေဆုံးရပြီး ရောဂါဖြစ်ပွားနှုန်းက အထွတ်အထိပ် မရောက်သေးဘူးလို့ ဆိုပါတယ်။
2020-03-13
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက “ကပ်ရောဂါ” လို့ ကြေညာထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် စောင့်ကြည့်စစ်ဆေးဖို့ လိုအပ်လာရင် ဘာတွေ သိထားသင့်သလဲ။ ဒီရောဂါပိုး ကူးစက်ခံရပြီးမှ အသက်မသေဘဲ ပြန်ကောင်းလာ သူတွေလည်း “မကြောက်ကြဖို့” အားပေးထားပါတယ်။ တကယ်ပဲ မကြောက်သင့်ဘူးလား။
2020-03-12
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူတွေ၊ ပိုးကူးစက်ခံရသူတွေနဲ့ နီးစပ်ထိတွေ့ ခဲ့သူတွေကို စောင့်ကြည့်ဖို့ သီးသန့်စခန်းတွေကို ကျန်းမာရေးဝန်ကြီးဌာက ပြင်ဆင် နေတယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကပြောပါတယ်။
2020-03-12
ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်က စစ်ကြောရေးဆောင်ရွက်ပြီးနောက် သေဆုံးတာတွေနဲ့ ဖမ်းဆီးခံရပြီးနောက် မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံး နေတာတွေရှိတယ်လို့ ကာယကံရှင် မိသားစုကပြောပါတယ်။
2020-03-11
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ကမ္ဘာတဝှမ်း ကူးစက်တဲ့ရောဂါအဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်လိုက်သလို နောက်ထပ် ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့အတွက် နိုင်ငံတွေ ကြိုတင်ကာကွယ်ထားကြဖို့ တိုက်တွန်းနေပေမယ့် မြန်မာနိုင်ငံမှာတော့ အများပြည်သူနဲ့ဆိုင်တဲ့ ပွဲလမ်းတွေ၊ လူစုလူဝေးတွေရှိနေဆဲပါ။
2020-03-11
ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့နယ်ခွဲတစ်ဝိုက် တပ်မတော်က မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဆက်တိုက်ဆိုသလို သိမ်းဆည်းရမိနေပေမယ့် ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ပိုင်ရှင်တွေ ဖမ်းမမိသေးတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
2020-03-10
ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်တဲ့ အန္တရာယ်ကြောင့် လူစုလူဝေးအခမ်းအနားတွေကို ဆိုင်းငံ့လာကြပေမယ့် မကွေးတိုင်း မင်းဘူးမြို့နယ်မှာ ရက်ပေါင်း ၈၀ ကြာကျင်းပမြဲဖြစ်တဲ့ မန်းစက်တော်ရာဘုရားပွဲကတော့ ပွဲဈေးသည်တွေ၊ နယ်ပေါင်းစုံက ပရိသတ်တွေနဲ့ စည်ကားနေပါတယ်။
2020-03-08
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံမြောက်ပိုင်းက လူ ၁၆ သန်းကို အသွားအလာ ကန့်သတ်လိုက်ချိန်မှာ ရောဂါစဖြစ်ပွားတဲ့ တရုတ်နိုင်ငံရဲ့အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဘုရားပွဲတော်တွေကျင်းပတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။