သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-25
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ပြည်တွင်းသတင်းသမား ၁၀၂ ဦးရှိပြီး အဲဒီအထဲက အောက်တိုဘာလ ၂၅ ရက်အထိ ပြန်လွတ်လာသူ ၆၈ ဦးရှိတဲ့အတွက် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရဆဲ သတင်းသမား ၃၄ ဦး ကျန်နေသေးတယ်လို့ မီဒီယာအရေး လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
2021-10-24
စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မယ့်ဘေးက လွတ်မြောက်ရာလွတ်မြောက်ကြောင်း ခရီးကြမ်းဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ရောက်သွားတဲ့သူတွေထဲမှာ စစ်ကိုင်းတိုင်း ကလေးမြို့က CDM ဆရာမ ဒေါ်နွေဦးမေလည်း ပါဝင်ပါတယ်။
2021-10-24
အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲ တွေကြောင့် ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေး နေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းလောက် ရှိနေပြီလို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။
2021-10-23
ကမ္ဘာအနှံ့ ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ခံစားခဲ့ရပြီးတဲ့နောက် မြန်မာနိုင်ငံ မှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး၊ ပြည်တွင်း မငြိမ်သက်မှုတွေကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့ ၈ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ထိုးဆင်းသွားခဲ့ ရကြောင်း တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
2021-10-22
စစ်အာဏာသိမ်း ကိုးလနီးပါးကာလအတွင်း ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက် မှုပေါင်း ၄၀၀ ကျော်ကို မှတ်တမ်း တင်ထားပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာရာဇဝတ် ခုံရုံး (ICC) အပါအဝင် ပြည်တွင်းရော၊ ပြည်ပမှာပါ ထိုက်တန်တဲ့ တရားစီရင်မှု ရရှိအောင် ကြိုးစားသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန (NUG) က ပြောလိုက်ပါတယ်။
2021-10-21
မြန်မာနိုင်ငံမှာ အရင်ကမရွာဖူးတဲ့ မိုးရွာသွန်းပြီး ကချင်ပြည်နယ်မှာ ထူးကဲတဲ့ မုတ်သုံ နုတ်ဆက်မိုးရွာတဲ့အတွက် ရာသီဥတုပြောင်းလဲမှုနဲ့ ကြုံနေရပါပြီ။ ဒီလို ရာသီဥတုပြောင်းလဲတာဟာ ကပ်ရောဂါပျံ့နှံ့တဲ့ အန္တရာယ်ရှိတဲ့အကြောင်း လေ့လာချက်တစ်ရပ်က ဖော်ပြထားပါတယ်။
2021-10-21
အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ ဒဲရစ် ချိုလတ်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မှာ ထိုင်းနဲ့ အမေရိကန် နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို ထိုင်းနယ်စပ်ကနေတဆင့် ပေးအပ်သွားဖို့ အရေးကို ဆွေးနွေးခဲ့ပါတယ်။
2021-10-21
စစ်ကောင်စီကို အခွန်မပေးဆောင်ဖို့ဆိုပြီးတော့ ပြည်သူတွေက မီတာမပေးဆောင် ဘဲ ဆန့်ကျင်နေတာဟာ အခုဆို အချိန် ရှစ်လကျော် ကြာလာပြီဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ မီတာဆောင်ဖို့ ရပ်ကွက်၊ မြို့နယ်တွေထဲ လက်နက်ကိုင် အစောင့်အကြပ်တွေနဲ့ လှည့်လည်အော်တာတွေ၊ မီတာမဆောင်တဲ့နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်လာတွေ လည်း လုပ်ဆောင်နေပါတယ်။
2021-10-20
အာဏာသိမ်းစစ်တပ်လက်အောက်က မြန်မာနိုင်ငံမှာ အောက်ခြေပြည်သူအများစု ဆင်းရဲမွဲတေမှု ပြဿနာအပြင် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ၊ ကိုရိုနာကိုဗစ် ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2021-10-20
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် ရွေးကောက်ပွဲ တွေမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ကြိုးပမ်းလာ ပါတယ်။ ဒါဟာ စစ်တပ်က နိုင်ငံရေးမှာ ပိုခြယ်လှယ်ဖို့ လုပ်ဆောင်နေတာလို့ နိုင်ငံရေးပါတီတချို့နဲ့ လေ့လာသူတွေက ပြောပါတယ်။
2021-10-20
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှာ ပိတ်မိနေတဲ့ကုန်ပစ္စည်းတွေကို မြန်မာဘက် တင်သွင်းဖို့ နယ်စပ် မန့်ဝိန်းဂိတ်ပေါက်ကို ဖွင့်မယ်လို့ တရုတ်နယ်စပ်တာဝန်ရှိ သူတွေက ပြောဆိုထားပေမဲ့ မြန်မာကုန်သည်တွေဘက်က ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံဘက် တင်ပို့ခွင့်ရမှသာ နယ်စပ်ဂိတ်ကိုဖွင့်ဖို့ တောင်းဆိုနေကြပါတယ်။
2021-10-20
မြန်မာနိုင်ငံမှာ တစ်ချိန်က သီတင်းကျွတ်ကာလမှာ မိသားစုတွေ ပြန်ဆုံပြီး မိဘဘိုးဘွားတွေကို ကန်တော့ကြ၊ မီးထွန်းပွဲတော်ကျင်းပပြီး ဆီမီးပူဇော်ကြ၊ မိသားစုတွေ ပျော်ပျော်ပါးပါး လည်ပတ်ကြပေမယ့် စစ်တပ်က အာဏာသိမ်းထားတဲ့ ဒီနှစ်သီတင်းကျွတ်မှာတော့ ပြန်မဆုံနိုင်တော့တဲ့ မိသားစုဝင်တွေ၊ တကွဲတပြားစီဖြစ်နေတဲ့ မိသားစုဝင်တွေ များနေပါတယ်။
2021-10-18
စစ်အာဏာသိမ်းပြီး ဈေးနှူန်းတွေ တက်လာတဲ့အတွက် လယ်ယာမစိုက်ပျိုးဖို့ တချို့လယ်သမားတွေ ဆုံးဖြတ်ထားပါတယ်။ ဒီအတောအတွင်း တင်း ၁၀၀ အတွက် အခြေခံရည်ညွှန်းပါဈေးနှုန်းကို ငွေကျပ် ၅၄၀,၀၀၀ သတ်မှတ်လိုက်တဲ့အတွက် ဒီနှုန်းနဲ့ စိုက်ပျိုးဖို့ မလွယ်တော့ဘူးလို့ပြောပါတယ်။
2021-10-18
အောက်တိုဘာလ ၁၈ ရက်နေ့က စစ်ကောင်စီဟာ မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဉ်းကျခံနေရသူ ၁၃၁၆ ဦးကို လွှတ်ပေးဖို့နဲ့ အမှုရင်ဆိုင်နေရသူ ၄၃၂၀ ကိုလည်း အမှုတွေပိတ်သိမ်းပေးပြီး လွှတ်ပေးဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
2021-10-18
ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာမှာ ဒုတိယတိုင်းမှူး ဗိုလ်ချုပ်မျိုးထွန်းလှိုင်ရဲ့ ကွပ်ကဲမှုအောက်ကနေ တာဝန်ထမ်းဆောင်ပြီး မကြာသေးခင်က CDM ဝင်လာတဲ့ တပ်ကြပ်ကြီးစာရေး ဟင်လျန်ပြန်ရဲ့ ရုပ်သံဗီဒီယိုကို CDF အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။