သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-22
နှင်းဆီပါတီ ခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီကို ဖျက်သိမ်းလိုက်ပေမဲ့ မဲလက်မှတ်မှာ တရားဝင် ပယ်ဖျက်တာမျိုး မလုပ်ရင်၊ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ ပယ်မဲတွေ ပိုများလာနိုင်တယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေက သတိပေးလိုက်ပါတယ်။
2020-10-22
ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ဖျက်သိမ်းခံလိုက်ရတဲ့အတွက် မြို့နယ်တချို့က ပါတီဝင် အများအပြားဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ကို ဝင်ရောက်မယ်လို့ သိရပါတယ်။
2020-10-22
ရွှေဘိုမြို့နယ်ရှိ မူးမြောင်းဘေးတစ်လျှောက်မှာရှိတဲ့ နှစ်ရှည်တမာပင်တွေ ပုသိမ်ကျောင်းလမ်း စီမံကိန်းအတွက် ခုတ်လှဲခံရမယ့် အရေးဟာ အွန်လိုင်း လှုမှုကွန်ရက် စာမျက်နှာပေါ် ရောက်လာတဲ့အတွက် ကန့်ကွက်သံ ပိုမို ကျယ်လောင်လာပါတယ်။
2020-10-21
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူအသစ် နေ့စဉ်တထောင်ကျော်တွေ့နေပြီး သေဆုံးသူကလည်း ဒါဇင်နဲ့ ချီရှိနေပေမယ့် ရွေးကောက်ပွဲအတွက် စီတန်းလှည့်လည်ပွဲတွေကို နေ့စဉ်မြင်တွေ့နေရပါတယ်။
2020-10-21
မြို့နယ်တချို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တဲ့အတွက် အဲဒီဒေသတွေမှာ နေထိုင်သူ ၁ သန်းကျော်ဟာ နိုင်ငံသား အခွင့်အရေးဖြစ်တဲ့ မဲပေးခွင့် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။
2020-10-21
ရခိုင်ပြည်နယ်အရေး အပြုသဘောမြင်ပြီး ဝိုင်းဝန်းကူညီသူတွေရှိသလို အားနည်းချက်တွေကို ထောက်ပြဝေဖန်ပြီး ပိုဆိုးတဲ့အခြေအနေတွေရောက်အောင် ပြည်တွင်း၊ ပြည်ပက တွန်းပို့နေတဲ့သူတွေရှိလို့ သတိကြီးကြီးထား ဆောင်ရွက်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ပါတယ်။
2020-10-20
အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ထည့်တာ ပြီးဆုံးပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ တခြားပြည်ပနိုင်ငံတွေထက် ကြိုတင်မဲပေးပိုင်ခွင့် ရရှိပေမဲ့ လာရောက် မထည့်နိုင်တဲ့ မဲဆန္ဒရှင် ထက်ဝက်လောက် ရှိနေပါတယ်။
2020-10-19
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဦးရေဟာ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်ကုန်ပိုင်းက ၃ သိန်း ၆ သောင်းကျော်ရှိပါတယ်။ ဒီနှစ်အတွင်း ထပ်တိုးလာတဲ့ ဒုက္ခသည်ဦးရေကိုတော့ အတိအကျ မသိရသေးပါဘူး။
2020-10-19
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကော်မရှင်က ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့အတွက် တစ်ပြည်နယ်လုံးမှာရှိတဲ့ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် (၄ ပုံ ၃ ပုံနီးပါး) ၇၃ ရာခိုင်နှုန်းကျော် မဲပေးခွင့် ဆုံးရှုံးသွားပါတယ်။ ဒီလိုကြေငြာရာမှာလည်း တိုက်ပွဲမရှိ၊ တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတွေမှာပါ ဖျက်သိမ်းလိုက်တဲ့အတွက် ကော်မရှင်ရဲ့ ကြေငြာချက်ဟာ သမာသမတ်ကျရဲ့လားလို့ နိုင်ငံရေးခေါင်းဆောင်တချို့က သံသယရှိနေကြပါတယ်။
2020-10-19
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်နဲ့ရှမ်းပြည်နယ်မှာ တစ်မြို့နယ်လုံး ရွေးကောက်ပွဲ မကျင်းပတော့မယ့် မြို့နယ် ၁၅ မြို့နယ်နဲ့ ကချင်၊ ကရင်၊ မွန်၊ ပဲခူးတိုင်းတို့က ဖျက်သိမ်းလိုက်တဲ့ ရပ်ကွက်ကျေးရွာအုပ်စု ၅၀၀ ကျော်တို့မှာ မဲပေးခွင့်ဆုံးရှုံးသွားသူ ၁၃သိန်းကျော် ရှိနေပါတယ်။
2020-10-19
မော်လမြိင်မြို့ဟာ မွန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးမြို့ဖြစ်နေပြီး အာဏာပိုင်တို့ကလည်း ကူးစက်မှု လျှော့ချဟန့်တားနိုင်ဖို့အတွက် အသွားအလာ ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ စားဝတ်နေရေးအတွက် နေအိမ်အပြင်ထွက်ပြီး အလုပ်လုပ်နေကြရသူတွေ အများအပြားရှိနေပါတယ်။
2020-10-17
ရခိုင်နဲ့ ရှမ်းပြည်နယ်က (၁၅) မြို့နယ်မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲဖျက်သိမ်းတဲ့ အပြင် ကချင်၊ ကရင် ၊ မွန် ပြည်နယ်နဲ့ ပဲခူးတိုင်းအပါအဝင် မြို့နယ်ပေါင်း ၅၆ မြို့ နယ်က ကျေးရွာအုပ်စု ၅၀၀ ကျော်မှာပါ ရွေးကောက်ပွဲမကျင်းပတော့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2020-10-16
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၅ နှစ်မြောက်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ တပ်မတော်အနေနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေကနေ ဝန်ကြီးချုပ်တွေ ရွေးချယ်ခန့်ထားဖို့ လိုလားကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကို ပြောင်းလဲကျင့်သုံးဖို့ ထောက်ခံပြောကြားခဲ့ပါတယ်။
2020-10-16
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရ လက်ထက်အထိ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံရသူအားလုံး ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
2020-10-15
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းပွဲမှာ မနေ့က ထုတ်ပြန်ခဲ့ရာမှာ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်မှုနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေနဲ့ ငြိစွန်းတဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။