မြန်မာဘက်ပြန်မလာချင်တဲ့ ဒုက္ခသည်များ
2018.11.15

မြန်မာနိုင်ငံကိုပြန်ဖို့ လူစာရင်းပေးပို့ထားသူတွေ နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ကို မြန်မာနိုင်ငံဘက်သွားဖို့ ကားတွေနဲ့လာခေါ်စဉ်မှာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း မြန်မာနိုင်ငံကိုပြန်ဖို့ စာရင်းပါနေသူတွေ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးနေသွားကြတာတွေ ရှိခဲ့ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။