မင်္ဂလာဈေး အမြန်ပြန်လည် တည်ဆောက်ပေးဖို့ ဈေး သူ ဈေးသားတွေ တောင်းဆို


2017.03.07
mingalar-market-protest-620.jpg မင်္ဂလာဈေးသူဈေးသားတွေ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ မတ်လ ၇ ရက်နေ့က ဆန္ဒပြစဉ်
Photo: Aung Thain Kha/RFA

ပြီးခဲ့တဲ့နှစ်က မီးလောင်ကျွမ်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးဖို့ ဈေးသူ၊ ဈေးသား ၇၀ ကျော်က ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အစိုးရက နေရာပြန်ပေးထားတဲ့ မင်္ဂလာမွန်ဈေးမှာ ဈေးအရောင်းပါးတဲ့အတွက် လစဉ် အရှုံးပေါ်နေတာကြောင့် မူလနေရာမှာပဲ ပြန်လည်ရောင်းချလိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဦးမြင့်သိန်း က ပြောပါတယ်။

မင်္ဂလာဈေး အမြန်ဆုံး တည်ဆောက်ပေးဖို့၊ ဈေးသစ်ဆောက်လုပ်ရာမှာ အထပ်မြင့် မဆောက်လုပ်ဖို့ ၊ ဈေးသူ၊ ဈေးသားတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ဈေးကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ အမြန်ဆုံးတွေ့ဆုံဖို့ တို့ကို တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၉ရက်နေ့က မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မီးလောင်မှုကြောင့် ဆိုင်ခန်း ဆုံးရှုံးသွားသူတွေဟာ မင်္ဂလာဈေးကို ပြန်လည်ဆောက်လုပ်ပေးဖို့ ပြီးခဲ့တဲ့ဇန်နဝါရီလကလည်း မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။