မင်္ဂလာဈေး အသစ်ဆောက်မယ်


2016.07.06
mingalar-market-press-620.jpg ရန်ကုန်တိုင်းလွှတ်တော် လူမှုရေးနဲ့ စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်တွေနဲ့ မင်္ဂလာဈေး ဈေးသူဈေးသားတို့ ဇူလိုင်လ ၆ ရက်နေ့ က ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်က မင်္ဂလာဈေးဓမ္မာရုံမှာ တွေ့ဆုံစဉ်
Photo: Htet Arker/ RFA

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန်မြို့နယ်က မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာဈေးကို နိုင်ငံတော် ဘဏ္ဍာငွေနဲ့ အသစ်ဆောက်လုပ်ပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းလွှတ်တော် လူမူရေးနဲ့ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

ဒီကနေ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာရှိတဲ့ မင်္ဂလာဈေးဓမ္မာရုံမှာ မင်္ဂလာဈေး ဈေးသူဈေးသားတွေနဲ့ တွေ့ဆုံရာမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က ပြောတာဖြစ်ပါတယ်။

"ကျနော်တို့ လူမှုရေးနဲ့ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌက ဈေးသူဈေးသားတွေ တစ်ပြားတစ်ချပ်မှ ပေးစရာမလို ဘဲ နိုင်ငံတော်ရဲ့ဘတ်ဂျက်နဲ့ ဆောက်ပေးအောင်လို့ ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့တယ်၊ ဒီစကားကလည်း ဈေး သူဈေးသားတွေကို တကယ့်စေတနာနဲ့ပြောတာပါ"

မင်္ဂလာဈေးကြီးကို တစ်နှစ်ခွဲအတွင်း အပြီးဆောက်လုပ်သွားမှာ ဖြစ်ပြီး စတင်ဆောက်လုပ်မယ့် အချိန်ကာလကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ညှိနှိုင်းသွားမယ်လို့ ဦးလှဌေး က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက မင်္ဂလာဈေးကို အသစ်ပြန်ဆောက်မလား၊ ပြန်လည်ပြင်ဆင်မလားဆိုတာကို ဈေးသူ ဈေး သားတွေ မဲခွဲခဲ့ရာ အသစ်ပြန်လည်ဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က မင်္ဂလာဈေးမီးလောင်မှုမှာ ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် မီးထဲပါသွားတာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။