ရန်ကုန် မြို့သစ်စီမံကိန်းကို ပြန် လည်အကောင်အထည်ဖော်ရေး တင်ပြ
2014.11.30

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်အကောင် အထည်ဖော်ဖို့အတွက် ကြည့်မြင်တိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ တင်ပြထားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတင်သွင်း ထားပေမယ့် အောင်မြင်နိုင်ခြေ နည်းပါးတာကြောင့် တိုင်းဒေသကြီး အစိုးရထံ တင်ပြထားတာဖြစ်တယ်လို့ တိုင်းဒေသကြီး လွတ်တော်ကိုယ်စား လှယ် ဒေါ်ကြည်ကြည်မာက ပြောပါတယ်။
"ကျမတို့က လွှတ်တော်မှာ တင်ထားပြီးသား ဒါပေမဲ့ အဲ့ဒီအဆိုက လွှတ်တော်မှာ ပြန်ပြီးတော့ တင်ပေးနိုင်ခွင့် အခြေအနေနည်းပါးလို့ အန်တီကလွှတ်တော်နဲ့ မပြီးဘူးထင်တယ်ဆိုပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုပါ ထပ်ပြီးတော့တင်ထားပေးတာ၊ စီမံကိန်းအရ အခုချက်ချင်းရပ်ဆိုင်း လိုက်တာကို ခံလိုက်ရတယ်လေ၊ အဲ့ဒီအတွက်ကြောင့်မို့လို့ မျှော်လင့်နေတဲ့ ပြည်သူတွေကလည်း သူတို့ရဲ့ မျှော်လင့်တောင့်တချက်တွေ ဝေးကွာခဲ့ရတယ်၊ အဲ့ဒါကြောင့် သူတို့ကိုယ်တိုင် သူတို့ရဲ့ဆန္ဒတွေ ကိုပေါ့နော် ၂ ကြိမ်တိုင်တိုင် ဆန္ဒဖော်ထုတ်ခဲ့တယ်၊ အဲ့လို ဆန္ဒဖော်ထုတ်ခဲ့တဲ့သူတွေကို အစိုးရအနေ နဲ့ ပြန်ပြီးတော့ဆွေးနွေးမှှုတွေ ပြုလုပ်ပေးဖို့သင့်တယ် ဆိုတဲ့အကြောင်းလည်း ရေးပေးထားတယ်"
ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ တွံတေးနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေက မြေဧက သုံးသောင်းကျော် မှာ အကောင်ထည်ဖော်မှာဖြစ်ပြီး မြို့သစ်စေတနာ အများပိုင်ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြီးခဲ့တဲ့သြဂုတ်လက ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တင်ပြခဲ့ တာဖြစ်ပါတယ်။
အဲ့ဒီ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ့်အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ခဲ့ကြတဲ့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံကိန်းကို ရပ်ဆိုင်းကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ရက်နေ့က ကြေညာခဲ့ ပါတယ်။
မြို့သစ်စီမံကိန်းကိုပြန်လည် အကောင်အထည်ဖော်ပေးဖို့အတွက် ဒေသခံတွေကလည်း ဆန္ဒပြတောင်းဆို မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။