ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်နန်းခင်ထွေးမြင့်ကို ဖမ်းဆီး
2021.01.31
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တို့ကို ဒီကနေ့ မနက် မြန်မာစံချိန် ၄နာရီခွဲက စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားပါတယ်။ ဦးဖြိုးမင်းသိန်း အိမ်အပေါ်ထပ်ကို စစ်သား ၆ ယောက်ခန့် သေနတ်တွေနဲ့ ချိန်ရွယ်ပြီး ဝန်ကြီးချုပ် ကျနော်တို့နဲ့ လိုက်ခဲ့ပါလို့ အမိန့်ပေးပါတယ်။ ဦးဖြိုးမင်းသိန်းက ကျနော်လိုက်ခဲ့မှာပါလို့ ပြောပါတယ်။
သူ့ဇနီးက ကမန်းကတန်း သောက်နေကျ သွေးကျဲဆေးပဲ ပေးလိုက်နိုင်တယ်လို့သိရပါတယ်။ ချက်ချင်းပဲ ခေါ်ဆောင်သွားတယ်၊ မိသားစုဝင်တွေကို စစ်သားတွေ (အရာရှိတဦးအပါအဝင်) က ဘာမှပြောဆိုသွားခဲ့ခြင်းတော့ မရှိပါဘူး။ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကိုလည်း တချိန်တည်းမှာပဲ ဘားအံမြို့ ဝန်ကြီးချုပ် နေအိမ်မှာ စစ်သားတွေက လာရောက်ဖမ်းဆီးသွားတာပါ။ မနက် ၄ နာရီလောက်ကတည်းက သူ့အိမ်ကိုဝိုင်းပါတယ်။ ကရင်ပြည်နယ် အစိုးရရုံးကိုတော့ ညသန်းခေါင်ယံမှာကတည်းက စစ်သားတွေဝိုင်းခဲ့တယ်လို့ သိရပါတယ်။
အပြည့်အစုံကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။