စာရေးဆရာတချို့ ဖက်ဒ ရယ် ပြည်ထောင်စုပါတီ ကနေ ရွေးကောက်ပွဲ ဝင်မည်


2015.07.20
fup-620.jpg ဖက်ဒရယ်ယူနီယံပါတီ(FUP)တည်ထောင်ဖို့ ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)က၊ တောင်ကြီးမြို့မှာ ဇွန်လ ၁၁ ရက်နေ့က တွေ့ဆုံဆွးနွေးပွဲကျင်းပခဲ့စဉ်
Photo: RFA

၂၀၁၅ ရွေးကောက်ပွဲမှာ စာရေးဆရာ ဟိန်းလတ် အပါအဝင် နာမည်ကြီးစာရေး ဆရာတချို့ဟာ ဖက်ဒရယ် ပြည်ထောင် စုပါတီ FUP ကနေ ဝင်ရောက် ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံမှာ ဖြစ်တယ်လို့ စာရေး ဆရာ ဟိန်းလတ် ကပြောပါတယ်။

"မင်္ဂလာတောင်ညွန့်က ဝင်မှာပါ၊ နောက်နှစ်သက်တမ်းကို ကျနော်တို့ဝင်ပြိုင်ပြီးတော့ အလုပ်မလုပ်နိုင်တော့ဘူးလေ၊ အခုလောလောဆယ်ကတော့ ကျန်းမာရေး လည်း ကောင်းသေးတယ်၊ ဉာဏ်ကလည်း နည်းနည်းပါးပါးအသုံးချလို့ ရသေးတဲ့ကာလမှာ နိုင်ငံနှင့်လူမျိုးအတွက် အထူးသဖြင့် တိုင်းရင်းသားတွေအားလုံး အတွက် လုပ်ပေးချင်လို့ပါ၊ စည်းမျဉ်းသတ်မှတ်ချက်ကတော့ ပြည်နယ်တိုင်းတွေမှာ သူ့ရဲ့ပြည်နယ်တိုင်း ရဲ့လူမျိုးဖြစ်ရမယ်၊ ချင်းပြည်နယ်မှာ ချင်းတိုင်းရင်းသား၊ ကချင်ပြည်နယ်မှာ ကချင် တိုင်းရင်းသား၊ မွန်ပြည်နယ်မှာ မွန်တိုင်းရင်းသား အဲ့ဒါအဓိကဖြစ် ရမယ်၊ နောက်တစ် ချက်ကတော့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ ယုံကြည်တဲ့ လူမျိုးဖြစ်ရမယ်"

စာရေးဆရာ ဟိန်းလတ်ဟာ ဘာသာပြန်စာရေးဆရာတစ်ဦးဖြစ်ပြီး FUP ပါတီ အတိုင်ပင်ခံကော်မတီဝင် တစ်ဦး လည်း ဖြစ်ပါတယ်။

FUP ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို လာမယ့် ဇူလိုင်လ ၃၀ရက်နေ့မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။

FUP ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ခံရပြီးနောက် တခြားပါတီထံ ကူးပြောင်းမယ်ဆိုရင် လျော်ကြေးအဖြစ် ပါတီထံ ငွေကျပ် သိန်း ၅၀၀ ပြန်လည်ပေးအပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

FUP ခေါ် ဖက်ဒရယ်ပြည်ထောင်စုပါတီကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ထားဝယ် တိုင်းရင်းသားများပါတီ စတဲ့ တိုင်းရင်းသားပါတီ ၂၃ ခု နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။