တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မစိုးရိမ်တိုက်သစ်မှာဆွမ်းကပ်


2018.05.30
wirathu-622.jpg တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှာ သံဃာတွေကို ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့က လှူဖွယ်ပစ္စည်းတွေ ပေးအပ်လှူဒါန်းစဉ်
Photo: Senior General Min Aung Hlaing's Facebook

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုတွေက မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှာရှိတဲ့ စာသင်သားသုံးထောင်နီးပါးကို မေလ ၃ဝ ရက်နေ့က လှူဖွယ်ပစ္စည်းတွေနဲ့ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အလှူပေးအပ်ပွဲအခမ်းအနားသတင်းမှာ အရှင်ဝီရသူအပါအဝင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးတွေရဲ့ ဓာတ်ပုံကို ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၇ ခုနှစ် ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာမှာ “အရှင်ဝီရသူဟာ လူမျိုးရေးနဲ့ ဘာသာရေး အမုန်းတရားတွေ ပျံ့ပွားအောင် ဆက်လက်ဆောင်ရွက်နေကြောင်း” ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။