ဥပဒေမဲ့လုပ်ရပ်တွေနဲ့ မသမာမှုတွေကို တိတိကျကျ တိုင်ကြားဖို့ လွှတ်တော်ဥက္ကဌ တိုက်တွန်း


2016.12.06
winmyint-620.JPG ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်
.

မဲဆန္ဒနယ်မြေအသီးသီးမှာ ဥပဒေမဲ့လုပ်ရပ်တွေနဲ့ မသမာမှုတွေ တွေ့ရှိရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ လွှတ်တော်ဥက္ကဌတွေထံ တိတိကျကျ တိုင်ကြားဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က လွှတ်တော်ကိုယ်စား လှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရာမှာကျေးရွာ ဘဏ်ကော်မတီတွေကို စနစ်တကျဖွဲ့စည်းပြီး ကျေးရွာတွေအရောက် ချေးငွေထုတ်ပေးတဲ့ပုံစံ ပြောင်းလဲပေးဖို့အဆို ကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးပြီးနောက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က တိုက်တွန်းလိုက်တာဖြစ်ပါ တယ်။

" ခုနက ပုံစံ ၇ နဲ့ ပတ်သက်လို့၊ ဘယ်လိုလောဘတွေလုပ်နေလဲ၊ တိတိကျကျလေး ဝန်ကြီးဌာနက ပေးဖို့လို တယ်၊ ဒီမှာယေဘုယျတွေပြော၊ ယေဘု ယျတွေဆွေးနွေး၊ ယေဘုယျပဲဖြစ်သွားမှာပဲ၊ သို့သော်ပွင့်ပွင့်လင်း လင်းပြောမယ်၊ တစ်ခုမှရောက်မလာဘူး၊ ဘယ်သူ့လိုက်ပြီးအရေးယူရမလဲ၊ ဘယ်သူလိုက်ပြီး အကောင် အထည်ဖော်ပေးရမလဲဆိုတာတောင်မသိဘူး၊ ကျနော်အမြဲပြောပါတယ်၊ ကိုယ်စားလှယ်တွေလည်း ကိုယ့် အလုပ်ကို လုပ်ကြပါ၊ ဒါအမြဲပြောပါတယ်"

အဲဒီအဆိုကို ဝင်ရောက်ဆွေးနွေးခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့် က စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးရာမှာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ ရှိမှထုတ်ချေးပေးတာကြောင့် ပုံစံ ၇ တွေဟာ အမှန်တကယ် လယ်လုပ်တဲ့သူတွေထံ မရောက်ရှိဘဲ အောက်ခြေမှာ မသမာမှုတွေ ပြုလုပ်ပြီး စိုက်ပျိုုးစရိတ်ချေးငွေတွေကို ထုတ်ယူနေကြောင်း အမှန်တကယ် တောင်ယာလုပ်ကိုင်သူတွေ ချေးငွေရရှိဖို့ အခက်အခဲဖြစ်နေ ရကြောင်းဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အောက်ခြေမှာ မမှန်မကန်ဆောင်ရွက်နေတာတွေကို လွှတ်တော်ကိုယ်စား လှယ်တွေအနေနဲ့ တိတိကျကျလေ့လာပြီး အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တင်ပြဖို့ ဦးဝင်းမြင့် က ပြောခဲ့ တာဖြစ်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုထားပေမယ့် မဲဆန္ဒနယ်တွေကို ဆင်းတဲ့အခါမှာ အောက်ခြေမှာ ဝန်ထမ်းတွေ က ဝန်ကြီးဌာနရဲ့ ညွန်ကြားချက် မရရှိသေးကြောင်း ပြောဆိုတာကြောင့် ကိုယ်စားလှယ်တွေအနေနဲ့ အခက် အခဲဖြစ်ရကြောင်းလည်း ဦးအောင်မြင့် က တင်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။