ICJ က ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ကြိုဆို


2019.12.14
welcome-back-dassk-622 အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုရင်ဆိုင်ပြီး ၂၀၁၉၊ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ နေပြည်တော်ကို ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဝန်းရံခဲ့သူအချို့ကို တွေ့ရစဥ်
ဓါတ်ပုံ - သီဟထွန်း/ RFA

နယ်သာလန်နိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုရင်ဆိုင်ပြီး နေပြည်တော်ကို ဒီနေ့ ပြန်လည် ရောက်ရှိလာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကို NLD ပါတီဝင်တွေ၊ အစိုးရဝန်ထမ်းတွေ အပါအဝင် ပြည်သူအများအပြား ကြိုဆိုဝန်းရံခဲ့ပါတယ်။

နေပြည်တော်မှာ သွားရောက်ကြိုဆိုထောက်ခံသူတွေကတော့ ICJ အမှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံတကာအထိ သွားရောက်ဖြေရှင်းခဲ့တဲ့အပေါ်  ဂုဏ်ယူနေကြသလို စွပ်စွဲချက်ကိုလည်း ပယ်ချနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ကြိုဆိုထောက်ခံသူတွေဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပျဉ်းမနား၊ ရေတာရှည်၊ မိုးကုတ် စတဲ့ မြို့နယ်တွေက လာရောက်ကြတာပါ။

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ သုံးရက်ကြာ ကြားနာစစ်ဆေးခဲ့တာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အင်အားသုံး ဖြေရှင်းရာမှာ လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်နိုင်သလားဆိုတဲ့အပေါ်  နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားအမျိုးမျိုး ရှိနေချိန် ပြည်တွင်းမှာလည်း အမြင်သဘောထားမျိုးစုံနဲ့ ထောက်ခံသူ၊ ကန့်ကွက်သူတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။