မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ဆက်လက်ဖိအားပေးသွားမယ်လို့ အမေရိကန်ပြော

RFA Burmese
2023.09.06
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ဆက်လက်ဖိအားပေးသွားမယ်လို့ အမေရိကန်ပြော အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပသည့် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရသည့် အမေရိကန်ဒုတိယသမ္မတ ကမ်မလာ ဟဲရစ် (Kamala Harris)။
Reuters

ပဋိပက္ခဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ဆက်လက်ဖိအားပေးသွားမယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယသမ္မတ ကမ်မလာ ဟဲရစ် (Kamala Harris) က ပြောလိုက်ကြောင်း စက်တင်ဘာ ၆ ရက် နေ့ထုတ် ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်နေ့ထိ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံအတွင်း အခုလိုပြောလိုက်တာပါ။

အမေရိကန်- အာဆီယံစင်တာကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ ဖွင့်လှစ်လိုက်တယ်လို့လည်း ကမ်မလာ ဟဲရစ်က တစ်ဆက်တည်း ကြေညာလိုက်ပါတယ်။

အဲဒီအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်တွေက အကြမ်းဖက်မှု၊ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်ချေမှုန်းမှုတွေအတွက် အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။