အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဖို့ရှိ

မြန်မာနိုင်ငံကို လာရောက်မဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖွဲ့နဲ့ လာမယ့် ဒီဇင်ဘာ ၁ ရက် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။

2011.11.23
clinton-asean305 အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်သည့် အာစီယံ ဒေသဆိုင်ရာ လုံခြုံရေးညီလာခံတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က မိန့်ခွန်းပြောနေစဉ်။
US Department of State

အဲဒီတွေ့ဆုံပွဲကို တက်ရောက်ဖို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၃၀ ရွေးချယ်ထားပြီး လွှတ်တော် ရေးရာ ကော်မတီတွေမှာ ပါဝင်ကြတဲ့ နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်မယ်လို့ အစိုးရအဖွဲ့ ကတိကဝတ် စိစစ်ရေး ကော်မတီဝင် ဒေါက်တာ အေးမောင်က အာရ်အက်ဖ်အေကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲမှုတွေကို လေ့လာဖို့ မြန်မာနိုင်ငံကို လာရောက်မဲ့ မစ္စ ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အားလုံး ကောင်းဖို့အတွက် နှစ်ဘက်လုံးက လျှော့ပေးရမှာ ဖြစ်ကြောင်း၊ အစိုးရဘက်ကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးပြီး တစ်ဘက်ကလည်း ပိတ်ဆို့ တားမြစ်ထားတာတွေကို ရုပ်သိမ်းပေးသင့်ကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။

ဟီလာရီ ကလင်တန်ရဲ့ မြန်မာပြည် ခရီးစဉ်ဟာ အနှစ် ၅၀ အတွင်း အမေရိကန် အစိုးရ အဆင့်မြင့် ကိုယ်စားလှယ် တဦးရဲ့ ပထမဦးဆုံး အကြိမ် ခရီးစဉ်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။