အမေရိကန်ရွေးကောက် ပွဲစောင့်ကြည့်တဲ့ပွဲကျင်းပ
2016.11.09

အမေရိကန်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာပွဲကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Scot Marciel ရဲ့ ရန်ကုန်မြို့က နေအိမ်မှာ ဒီကနေ့မနက်က ကျင်းပခဲ့ပါတယ်။
အမေရိကန်သမ္မတအသစ်လက်ထက်မှာ မူဝါဒပိုင်းဆိုင်ရာ အသေးစိတ် အပြောင်းအလဲတွေ ရှိလာမှာဖြစ်ပေမယ့် နှစ်နိုင်ငံဆက်ဆံရေးမှာ ဘယ်သူတက်တက် အတူတူပဲဖြစ်မှာပါလို့ သံအမတ်ကြီးက ပြောပါတယ်။
"ကျနော်တို့မှာ ရီပတ်ဘလီကန်ဖြစ်ဖြစ် ဒီမိုကရက်သမ္မတဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေကို အမြဲတမ်း ထောက်ခံခဲ့တဲ့ အစဉ်အလာရှိပြီးသားဖြစ်ပါတယ်။ ဒီမိုကရေစီ အရေး လူ့အခွင့်အရေး ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် အကူအညီပေးနေတာကို ဆိုလိုတာဖြစ်ပါတယ် နိုင်ငံခြားရေး မူဝါဒ အသေးစိတ်ကတော့ အနိုင်ရသူ အပေါ်မှာမူတည်တာဖြစ်ပေမယ့် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ကတော့ ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်" လို့ပြောပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတာဖြစ်ပြီး နောက်ဆုံးရရှိတဲ့ မဲစာရင်းအရ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump က အနိုင်ရရှိတယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
သံအမတ်ကြီး Scot Marciel ရဲ့ နေအိမ်က ရွေးကောက်ပွဲ စောင့်ကြည်တဲ့ပွဲကို ရန်ကုန်တိုင်းဒေသ ကြီးဦးဖြိုးမင်းသိန်း၊ လွတ်တော်ကိုယ်စားလှယ်တွေ ၊ဌာနာဆိုင်ရာက တာဝန်ရှိသူတွေ သတင်းမီဒီယာတွေ့နိုင်ငံတကာသံရုံးကတာဝန်ရှိသူတွေနဲ့ စိတ်ပါဝင်စားသူတွေ တက်ရောက်ခဲ့ပါတယ်။