[Updated: 6:45 pm]
နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီက ဒေါ်နယ်ထရမ့်က မဲအသာရနေတဲ့အတွက် ၄၇ ယောက်မြောက် အမေရိကန်သမ္မတဖြစ်ဖို့ နီးစပ်သွားပါပြီ။
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကင်မလာဟဲရစ် အရေးနိမ့်သွားပြီး အထက်နဲ့အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ ရီပတ်ဘလီကန်ပါတီက အသာစီး ရနေပါတယ်။
သမ္မတအဖြစ် ရွေးကောက်ခံရဖို့ ပြည်နယ် အထူးကိုယ်စားလှယ် မဲအရေအတွက် ၂၇၀ ရဖို့လိုအပ်ပြီး ဒီနေ့ညနေပိုင်းအထိ ဒေါ်နယ်ထရမ့်က ၂၇၇ မဲ၊ ကင်မလာဟဲရစ်က ၂၂၄ မဲ ရရှိထားပါတယ်။
ရွေးကောက်ပွဲရလဒ်ကို တရားဝင် ထုတ်ပြန်ပြီးသွားရင်တော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ဦးမြောက်နဲ့ ၄၇ ဦးမြောက်သမ္မတ ဖြစ်လာတော့မှာပါ။