တိုင်းရင်းသားတပ်ပေါင်းစု အသစ် ဖွဲ့စည်း

KNU-KIO-NMSP အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အတော် များများ ပါဝင်တဲ့ တပ်ပေါင်းစု အသစ်တခုကို မနေ့ကစပြီး ပြန်လည် ပြင်ဆင် ဖွဲ့စည်းလိုက်တယ်လို့သတင်း ရရှိပါတယ်။

2011.02.17

အဲဒီတပ်ပေါင်းစုကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ United Nationalities Federal Council (UNFC) လို့အမည် ပေးထားပါတယ်။

(UNFC) တပ်ပေါင်းစုကို လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ (၁၅) ဖွဲ့နဲ့သဘောတူဖွဲ့စည်း လိုက်တာဖြစ်ပြီး ဗဟို ဦးဆောင်ကော်မတီဝင် (၂၂) ဦးက ဒီတပ်ပေါင်းစုကို ဦးဆောင်မှာပါ။

ဒီတပ်ပေါင်းစုမှာ ဥက္ကဌအဖြစ် KNU ကရင် အမျိုးသား အစည်းအရုံးက ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကို တာဝန်ပေးထားပါတယ်။

ဒုဥက္ကဌ - (၁) အဖြစ် အရင်က စစ်အစိုးရနဲ့အပစ်ရပ်ထားတဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO က ဗိုလ်ချုပ်ကြီး မရန်ဂေါ်ရီ ဇော်ဆိုင်းကို တာဝန် ပေးအပ်လိုက်ပါတယ်။

ဒုဥက္ကဌ - (၂) အဖြစ် KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက အေဘယ်တွိဒိုနဲ့ အထွေထွေ အတွင်းရေးမှုး အဖြစ် NMSP မွန်ပြည်သစ်ပါတီက နိုင်ဟံသာ ကို တာဝန်ပေးလိုက်တာ တွေ့ရပါတယ်။

ဒီတပ်ပေါင်းစုဖွဲ့ရတဲ့ အကြောင်းကတော့ တိုင်းရင်းသားတွေအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်တွေ၊ ဒီမိုကရေစီတွေရှိမယ့် စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် စုပေါင်း ဆောင်ရွက်ကြဖို့ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းသေးစိတ်ကို RFA သတင်းထောက် ကိုအောင်မိုးမြင့်က တင်ပြပါလိမ့်မယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။